Myawady News်
Saturday, September 7, 2013
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွင် နှစ်ဖက်အသင်းသားများနှင့် ပရိသတ်တို့ ရန်ပွဲဖြစ်ပွားပြီး ပွဲရပ်နားလိုက်ရသည်အထိ ဖြစ်ပွားခဲ့သော ကိစ္စတွင် ပြစ်ဒဏ်လျှော့ပေါ့ရေး နေပြည်တော် FC အသင်း၏ အသနားခံစာကို ရက်ပိုင်းအတွင်း ဆုံးဖြတ်မည် ဖြစ်ကြောင်း မြန်မာ နေရှင်နယ်လိဂ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းပွဲစဉ်တွင် ဖြစ်ပွားခဲ့သည့် ကွင်းတွင်းပြဿနာများအား စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ချမှတ်ခဲ့သည့် ပြစ်ဒဏ်များကို နေပြည်တော်အသင်းက လျှော့ပေါ့ပေးရန် အသနားခံစာ တင်ခဲ့ခြင်းဖြစ်ပြီး ပြစ်ဒဏ်များ လျှော့ပေါ့ရန် သင့် မသင့်ကို ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တိုင်ပင်ကာ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
နေပြည်တော်အသင်း အနေဖြင့် ချမှတ်ခံထားရသည့် ပြစ်ဒဏ်များအနက် အိမ်ကွင်းပိတ် ပြစ်ဒဏ်နှင့် နောက်တန်း ကစားသမား ခိုင်ထူး၏ တစ်နှစ်ပွဲပယ်ပြစ်ဒဏ် လျှော့ပေါ့ပေးရန် အဓိကထားပြီး စည်းကမ်းထိန်းသိမ်းရေး ကော်မတီနှင့် ဘောလုံးအဖွဲ့ချုပ်တို့ထံ စာပို့ထားခြင်း ဖြစ်ကြောင်း နေပြည်တော် FC အသင်းတာဝန်ရှိသူ ဦးဝင်းထူးအောင်က ပြောကြားသည်။
နေပြည်တော်အသင်းအနေဖြင့် အကြောင်းပြန်စာကို စောင့်ဆိုင်းနေပြီး ကြားကွင်းတွင် ကစားခဲ့ခြင်း ဖြစ်သလို ခိုင်ထူးမှာလည်း ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦး ဖြစ်သောကြောင့် တစ်ရာသီလုံး ပွဲပယ်ခံခဲ့ရသဖြင့် နစ်နာမှုများ ရှိကြောင်း ၎င်းကဆိုသည်။
နေပြည်တော် FC အသင်းကို စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဝဏ္ဏသိဒ္ဓိကွင်းတွင် ဖြစ်ပွားခဲ့သည့် ပျက်စီးဆုံးရှုံးမှု၏ ထက်ဝက်ကို ပေးလျော်စေခြင်း၊ ၂၀၁၄ MNL ပထမအကျော့ ပွဲစဉ်များကို အိမ်ရှင်အဖြစ် ကျင်းပခွင့်မပြုခြင်း၊ ခိုင်ထူးအား ၂၀၁၄ MNL ပြိုင်ပွဲတစ်ရာသီ ကစားခွင့်မပြုခြင်း အပါအဝင် ပြစ်ဒဏ်ကိုးခု ချမှတ်ခဲ့သည်။
စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် အသင်းတာဝန်ရှိသူ များကို မေးမြန်းခြင်း၊ မှတ်တမ်းဗီဒီယိုများ၊ ဓာတ်ပုံအထောက်အထားများကို ကြည့်၍ ပြစ်ဒဏ်များကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပြဿနာများ ဖြစ်ပွားခဲ့သည့် နေပြည်တော် FC အသင်းနှင့် ရန်ကုန် ယူနိုက်တက်အသင်းတို့၏ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်ကို သြဂုတ် လ ၄ ရက်နေ့တွင် ကစားခဲ့ပြီး နှစ်ဖက် အသင်းကစားသမားများနှင့် ပရိသတ်တို့ ခိုက်ရန် ဖြစ်ပွားခဲ့သည်။
The Voice Weekly
Admin:သီဟ(ဘိုကလေးသား)
0 comments "နေပြည်တော်အသင်း၏ အသနားခံစာ ရက်ပိုင်းအတွင်း ဆုံးဖြတ်", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.