skip to main |
skip to sidebar

လာမယ့် စက်တင်ဘာလ ၂၂ ရက်နေ့မှာ ရန်ကုန်မြို့မှာ ရှိတဲ့ အလုပ်ရုံ၊ စက်ရုံ၊ ကျောင်း၊ စက်မှုဇုန် ယာဉ်နံပါတ် အနက်များ အပါအ၀င် ကိုယ်ပိုင်
မော်တော်ယာဉ်များ အားလုံးကို မနက် ၆ နာရီမှ ညနေ ၃ နာရီအထိ ကိုယ်ပိုင်
မော်တော်ယာဉ်များ မသုံးရနေ့ အဖြစ် ပြီးခဲ့တဲ့ ရက်ပိုင်းက သတ်မှတ် လိုက်ပြီ
ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကိုယ်ပိုင် မော်တော်ယာဉ် မသုံးရနေ့ကို
မြန်မာနိုင်ငံမှာ
ယခုအချိန်ထိ သတ်မှတ် ကျင်းပ သေးတာ မရှိသေးဘဲ
တပ်မတော်မှာတော့ ကားမသုံးရနေ့ကို လွန်ခဲ့တဲ့နှစ် ၅၀ ကတည်းက သတ်မှတ်ပြီး
လစဉ် တနင်္ဂနွေ နှစ်ရက်ကို သတ်မှတ် ထားရှိ ပေးခဲ့တာ ဖြစ်ပါတယ်။
အခုလို ကိုယ်ပိုင် မော်တော်ယာဉ် မသုံးရနေ့မှာ ရန်ကုန်မြို့တော် စည်ပင်
သာယာရေး နယ်နိမိတ်ပြင်ပ မြို့နယ်များ မပါဝင်ဘဲ၊ ရန်ကုန်မြို့တော် စည်ပင်
သာယာရေး နယ်နိမိတ် အတွင်းရှိ မြို့နယ်များသာ ပါဝင်တာ ဖြစ်တယ်လို့
ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးနဲ့ ကြီးကြပ်မှု ကော်မတီမှ
တာဝန်ရှိသူတွေရဲ့ ပြောပြချက် အရ သိပါတယ်။
အဆိုပါ စက်တင်ဘာလ ၂၂
ရက်နေ့ တနင်္ဂနွေနေ့ကို ကိုယ်ပိုင် မော်တော်ယာဉ် နံပါတ်အနက် ယာဉ်များ
မသုံးရနေ့ဟု သတ်မှတ် ထားရှိရ တာဟာ ယာဉ်များ ပိုမိုများပြားလာခြင်း၊
နောက်ဆက်တွဲ ရလဒ်အဖြစ် လေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်လာခြင်း၊
လမ်းလျှောက် သွားသူနဲ့ စက်ဘီးစီးသူများကိုလည်း မြင့်တင်ပေး ရာ ရောက်ခြင်း၊
အဆိုပါ နေ့မှာ ယာဉ်အန္တရာယ် ပိုကင်းပြီး စက်သုံးဆီ ချွေတာရာ ရောက်ခြင်းနဲ့
ပြည်ပနိုင်ငံ အသီးသီး မှာလည်း စက်တင်ဘာလ ၂၂ ရက်နေ့ကို ယာဉ်မသုံးရနေ့ အဖြစ်
သတ်မှတ် ထားရှိတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
MRTV4
Artikel terkait :
0 comments "နံပါတ်ပြား အနက်ရောင်ကား မသုံးရနေ့အား သတ်မှတ်", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.