skip to main |
skip to sidebar
Beranda
»
သတင်းများစုစည်းမှု
»
အောင်မြင်ခြင်းနှင့် ကျရှုံးခြင်းဆိုတာ ကိုယ့်ရဲ့ ကြိုးစားမှု ပေါ်မှာပဲ မူတည် ပါတယ်ဆိုတဲ့ အိချောပို
အောင်မြင်ခြင်းနှင့်
ကျရှုံးခြင်းဆိုတာ ကိုယ့်ရဲ့ ကြိုးစားမှု ပေါ်မှာပဲ မူတည် ပါတယ်ဆိုတဲ့
အိချောပို အိချောကို ပရိသတ်တွေက အချိန်တို အတွင်းမှာ အနုပညာလုပ်
ငန်းလုပ်တဲ့ အခါမှာ အချိန်တိုတွင်းနဲ့ အောင်မြင် သွားတယ်လို့ ထင်ကြ တယ်။
ဒါပေမဲ့ အိချော လုပ်နေတဲ့ အနုပညာ အလုပ်တွေက ကြာပါပြီ။

၂၀ဝ၆၊ ၂၀ဝ၇ ခုနှစ်တုန်းက အိချော ဆယ်တန်းပဲ ရှိပါသေးတယ်။ အဲဒီ တုန်းကစပြီး
ကြော်ငြာကနေ အနု ပညာလောက ထဲကို စတင်ဝင်ရောက် ခဲ့တယ်။ ကြော်ငြာမှာ
ကိုခန့်တို့ မအူဝဲတို့နဲ့ စတွဲခဲ့တယ်။ အဲဒီအချိန် မှာ ကိုခန့်က အိချောကို
ကားရိုက် တာဝါသနာ ပါလား ဆိုပြီးမေးတော့ အိချောက ဝါသနာ ပါတယ်ဆိုတာ ကြောင့်
ကိုခန့်ကနေ ဆွဲခေါ်ခဲ့တာ၊ အဲဒီအချိန် ကစပြီး ဇာတ်ကားစရိုက် ဖြစ်ခဲ့တယ်။
အဲဒီနောက်ပိုင်းမှာ ကျောင်းတစ်ဖက်နဲ့ ဘွဲ့လည်း ရအောင် ယူတယ်။ အဲဒါနဲ့
အနုပညာ အလုပ်ကို တဖြည်းဖြည်းနဲ့ အားရင် အားသလို လုပ်သွား ခဲ့တာပါ။ ၂၀၁၁
ခုနှစ်မှာ ဘွဲ့ရခဲ့တယ်။ အဲဒီ အချိန်မှာ အနုပညာပျိုးခင်းက နေမင်း
သမီးတင်တယ်။ အဲဒီ ကနေစပြီး မင်းသမီး အနေနဲ့ ဇာတ်ကားတွေ တောက်
လျှောက် ရိုက်ဖြစ်ခဲ့တာပါ။ အရင်တုန်းက တော့ကြော်ငြာ ရိုက်တယ်။
ဇာတ်လမ်း နည်းနည်းပါးပါး လောက်ပဲ ရိုက်ဖြစ်ခဲ့တာ။ တစ်ဖက်ကကျောင်း နဲ့ကိုး။
အောင်မြင်ခြင်းနှင့် ကျရှုံးခြင်း ဆိုတဲ့ နှစ်ခုကြားမှာ ကိုယ့်ရဲ့ထင်မြင်
ချက်၊ ယူဆချက်တွေနဲ့ အတူ ဘယ်လိုမျိုး ကြိုးစား သွားမလဲ ဆိုတော့
အောင်မြင်ခြင်း ဆိုတာထက် အိချော က ကိုယ့်ရဲ့အနုပညာကို ပရိသတ် တွေလက်ခံ
လာအောင် အတတ်နိုင် ဆုံး ကိုယ့်ဘက်က အကောင်းဆုံး ဖြစ်အောင်
ကြိုးစားသွားတာပါ။
တချို့ အနုပညာရှင် အသစ်တွေ အ နေနဲ့ကြိုးစားတဲ့
အခါမှာ အောင်မြင် သွားကြသလို တချို့ကျတော့ တစ် နေရာတည်းမှာပဲ ရပ်တည်နေတာရှိ
တယ်။ တချို့ကျတော့လည်း ဇွဲမရှိ ဘဲနဲ့ထွက်သွား ကြတယ်။ ဒါနဲ့ပတ် သက်ပြီး
အကြံပေး စကားပြောချင် တာက အဓိကက ကိုယ့်ရဲ့ဝါသနာ ပါပဲ။ အိချောကတော့
ဝါသနာပါတဲ့ အတွက် ဆက်ပြီးကြိုးစား သွားမှာပဲ။ ပရိသတ်တွေ အတွက် လက်လှမ်းမီ
သလောက်ပီပြင်စွာ အကောင်းဆုံး
ဖြစ်အောင် သရုပ်ဆောင် သွားမှာပါ။ ပရိသတ်ရဲ့ရင်ထဲကို အနက်ရှိုင်းဆုံး
နေရာရောက်ဖို့ အတွက် အများကြီး လိုအပ်ပါသေးတယ်။ တစ်ခါတလေ မှာလည်း အိချောတို့မှာ အမှားအ ယွင်းလေးတွေရှိပါတယ်။ အဲဒီအတွက်
လည်း ခွင့်လွှတ်ပေးကြပါ။
အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်သွား မှာပါ။ အောင်မြင်ခြင်းနဲ့ ကျရှုံးခြင်း
ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အိချော ပြောချင်တာက အောင်မြင်တာက
လည်းကိုယ့်ရဲ့ကြိုးစား မှုပါပဲ။ ကျရှုံး ခြင်းဆိုတာ ကလည်း ကိုယ့်ရဲ့ကြိုး
စားမှုပါပဲ။ ကိုယ့်ရဲ့ကြိုးစားမှု ကံနဲ့ လည်းဆိုင်မယ်။ ကိုယ်ရဲ့ကြိုးစားမှု
ကလည်း မပြတ်တမ်း ကြိုးစားမယ် ဆိုရင်အောင်မြင်မှုကို အမြဲတမ်း ရရှိ နေမှာပါ။
8 DAYS A WEEK ENTERTAINMENT
Artikel terkait :
0 comments "အောင်မြင်ခြင်းနှင့် ကျရှုံးခြင်းဆိုတာ ကိုယ့်ရဲ့ ကြိုးစားမှု ပေါ်မှာပဲ မူတည် ပါတယ်ဆိုတဲ့ အိချောပို", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.