skip to main |
skip to sidebar
Beranda
»
ကျန်းမာရေး
»
မွေးကင်းစကလေးကို ရေတိုက်ရင် အစာအိမ်နှင့် အူလမ်းကြောင်းကို ဒုက္ခပေးနိုင်
မွေးကင်းစကလေးကို
ရေတိုက်တာက ကလေးရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ဒုက္ခပေးနိုင်ကြောင်း
သိရသည်။ “ရှေးလူကြီးတွေ ပြောတာပဲ၊ မွေးမွေးချင်း ကလေးကို ရေတိုက်ရင်
အသည်းရောင် အသည်းဝါ မ၀င်ဘူးတဲ့၊ အဲဒါကြောင့် ကလေးကို ဆရာဝန်တွေ မရှိတုန်း
ရေခိုးတိုက်တာ” ဟု အင်းစိန်မြို့နယ်မှာ နေတဲ့ ဦးသိန်းဇော်က ပြောပါသည်။
ဆေးရုံတွေရဲ့ မွေးလူနာဆောင်တွေမှာ ကလေးတွေ အတွက် ဆောင်ရန် ရှောင်ရန်တွေကို
ဆေးရုံ နံရံတွေမှာ ကပ်ထားပေမယ့် ကလေးမွေးဖွားသူ တချို့နှင့်
ဆွေမျိုးတချို့က လိုက်နာခြင်း မရှိကြောင်း တွေ့ရပါသည်။ “မွေးကင်းစ
ကလေးတွေကို ဘာမှ မတိုက်ရဘူး။ မကျွေးရဘူး၊ မွေးကာစ ကလေးတွေရဲ့ အူတွေက
ပုံမှန်အနေအထား မရှိသေးဘူး။ ဒီလိုမျိုး ရေတွေ ဘာတွေ တိုက်လိုက်မယ်ဆိုရင်
အစာအိမ်နဲ့ အူလမ်းကြောင်းကို ဒုက္ခပေးနိုင်တယ်။ ၀မ်းပျက်တာတွေလည်း
ဖြစ်တတ်တယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ အထွေထွေရောဂါကု ဆရာဝန် တစ်ဦးက
ပြောပါသည်။
မွေးကင်းစ ကလေးကို
မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးရမှာ ဖြစ်သလို ကလေးအသက် ခြောက်လအထိ
မိခင်နို့ပဲ တိုက်ကျွေးသင့်ပါတယ်။ တိုက်လိုက်တဲ့ရေ
မသန့်တာမျိုးဖြစ်မယ်ဆိုရင် ကလေးဝမ်းပျက်နိုင်တာကြောင့် ကလေးအသက် ခြောက်လအထိ
မိခင်နို့ကလွဲပြီး ပြင်ပအစားအစာနဲ့ ရေကို မတိုက်ကျွေးသင့်ဘူးလို့
သိရပါတယ်။ “မွေးမွေးချင်း ကလေးကို ရေတိုက်ရင် အသည်းရောင် အသားဝါ
မဖြစ်ဘူးဆိုတာ မဟုတ်ပါဘူး။ လူတွေက ပညာရေးအပိုင်း အားနည်းတော့ တစ်ဆင့်စကား
တစ်ဆင့်ကြားပြီး သုံးနေကြတယ်။ တကယ်တော့ မွေးကာစ ကလေးကို ဘာမှ
မတိုက်သင့်ပါဘူး” ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက
ပြောပါသည်။
ကုမုဒြာ
Artikel terkait :
0 comments "မွေးကင်းစကလေးကို ရေတိုက်ရင် အစာအိမ်နှင့် အူလမ်းကြောင်းကို ဒုက္ခပေးနိုင်", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.