skip to main |
skip to sidebar
Beranda
»
အားကစား
»
သုဝဏ္ဏကွင်း သိန်း ၂၀၀၀ ကျော် အကုန်အကျခံ၍ ထပ်မံအဆင့်မြှင့်ရန်ရှိ

ဆီး
ဂိမ်းတွင် မြန်မာ-ယူ ၂၃ အသင်း အုပ်စုပွဲစဉ်များကစားမည့် သုဝဏ္ဏ
လူငယ်လေ့ကျင့်ရေးကွင်းကို သိန်း ၂၇၀၀ ကျော် အကုန်အကျခံ၍ ထပ်မံ
အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
အဆိုပါပြင်ဆင်မှုများ ပြု လုပ်ရာတွင် ရုံးခန်းများအတွင်း၌ လေအေးပေးစက်များ
တပ်ဆင် ခြင်း၊ အများသုံးသန့်စင်ခန်း လေး ခုပြုပြင်ခြင်း၊
ရုံးသုံးပရိဘောဂများ ဝယ်ယူခြင်း၊ အဆောက်အအုံ များ ဆေးသုတ်ခြင်း၊ ဂိတ်အမှတ်
(၉) ဆောက်လုပ်ရန်၊ မီးမောင်းကြီး များပြင်ဆင်ရန်၊ ဂိတ်အမှတ် (၈) လူဝင်ပေါက်
ပြုပြင်ရန်တို့ ဖြစ် သည်။
ယင်းနှင့်ပတ်သက်၍ ဘော လုံးအဖွဲ့ချုပ်
ပြိုင်ပွဲကျင်းပရေး တာဝန်ခံ ဦးဖြိုးကိုကိုသိန်းက ''အ
ခုပြင်ဆင်မှုမှာကုန်ကျမယ့် ကုန် ကျစရိတ်တွေကို နိုင်ငံတော်ဘတ် ဂျက်ကနေပြီး
ကျခံသုံးစွဲမှာ ဖြစ် ပါတယ်''ဟု ပြောသည်။
အဆိုပါ ပြင်ဆင်မှုများကို
စက်တင်ဘာလအတွင်း လုပ်ငန်း များ စတင်ဆောင်ရွက်မည် ဖြစ် ပြီး အောက်တိုဘာလတွင်
အပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရ သည်။
ထို့အပြင် မြန်မာယူ- ၂၃ အသင်း
အုပ်စုတွင်ပါဝင်သည့် အ သင်းများ လေ့ကျင့်ခန်းဆင်းရာ တွင်
နိုင်ငံတကာစံချိန်စံညွှန်းအ တိုင်း အဆင့်မီစေရန်အတွက်
လေ့ကျင့်ရေးကွင်းများကို အကြီးစား ပြင်ဆင်မှုပြုလုပ်မည်ဖြစ်သည်။
''လေ့ကျင့်ရေးကွင်းတွေ ပြင်ဆင်တာကတော့ အဖွဲ့ချုပ်က အကုန်အကျခံပြီး သုံးစွဲမှာဖြစ်ပါ တယ်''ဟု ယင်းကထပ်မံပြောသည်။
ပြင်ဆင်မှုပြုလုပ်ရန် ဆောင် ရွက်မည့် လေ့ကျင့်ရေးကွင်းများ တွင်
အောင်ဆန်းကွင်း၊ စလင်း ကွင်း၊ ပဒုမ္မာကွင်း၊ သုဝဏ္ဏ လေ့ ကျင့်ရေးကွင်း (၁)
တို့ ပါဝင်နေ ကြောင်း သိရသည်။
သီဟ (ဘိုကလေးသား)
Artikel terkait :
0 comments "သုဝဏ္ဏကွင်း သိန်း ၂၀၀၀ ကျော် အကုန်အကျခံ၍ ထပ်မံအဆင့်မြှင့်ရန်ရှိ", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.