skip to main |
skip to sidebar

ပဲခူး တိုင်းဒေသကြီး ပြည်မြို့ နဝဒေး ရပ်ကွက်တွင် အလုပ်မှပြန်လာ သော ပွဲရုံလုပ်သားတစ်ဦးအား လှည့်ကင်းလှည့်လာသော ရဲတပ် ဖွဲ့ဝင်နှစ်ဦး
က ခေါ်ယူစစ်ဆေး ရိုက်နှက်ခဲ့သဖြင့် ဒဏ်ရာအများ အပြားရရှိကာ ဆေးရုံ တက်ရောက်
ကုသမှုခံယူနေရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဦးလှသောင်း
ပဲနှမ်းပွဲရုံမှ ပွဲရုံလုပ်သား ဦးတင်ဇော် ၃၉နှစ် သည် စက်တင်ဘာ၆ရက် ည၈
နာရီခွဲတွင် အလုပ်မှ အိမ်သို့ပြန် လာစဉ် ပြည်မြို့ နဝဒေးရပ်ကွက် ပွဲရုံတန်း
နယ်မြေရှိ ရွိုင်ရယ်စတား စားသောက်ဆိုင်
အနီးအရောက် တွင် လှည့်ကင်းလှည့်လာသော နဝဒေးရဲကင်းမှ ရဲတပ်သားနှစ်ဦး နှင့်တွေ့ဆုံခဲ့သည်ဟု သိရသည်။
ရဲတပ်သားနှစ်ဦးက ဦးတင် ဇော်အား ခေါ်ယူစစ်ဆေးပြီး မှောင် ရိပ်ခိုမှုဖြင့် ရဲကင်းသို့လိုက်ခဲ့ရန် ခေါ်ရာ ဦးတင်ဇော်က မိမိသည် အလုပ်မှပြန်
လာခြင်းဖြစ်ကြောင်း၊ အပြစ်မရှိသဖြင့် မလိုက်နိုင်ကြောင်း ငြင်းဆန်သဖြင့်
လက်သီးနှင့်ထိုး ပြီး လက်ထိတ် ခတ်ကာ နံပါတ် တုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း
သိ ရသည်။ ထိုသို့ရိုက်နှက်မှုကြောင့် ဦးခေါင်းတွင် ဖူးရောင်ဒဏ်ရာ၊
ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ဘယ် တင်ပါးချုပ်ရိုး နာကျင်ဒဏ်ရာနှင့်
ဘယ်ဘက်ခြေသလုံးပွန်းပဲ့ဒဏ် ရာများ ရရှိခဲ့ သည်။ ရရှိဒဏ်ရာ များမသက်သာသဖြင့်
စက်တင် ဘာရရက် နံနက်၁ဝနာရီခန့်တွင်
ပြည်မြို့ ပြည်သူ့ဆေးရုံကြီး၌တက် ရောက်ကုသမှုခံနေရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အား မျက် မြင်တွေ့ရှိရပြီး ကိုယ်တိုင်အာမခံ လိုက်ပါဆောင်
ရွက်ပေးရသူတစ်ဦး က ''ကျွန်မက ကျွန်မညီမလင်မ ယားရန်ဖြစ်တယ်ထင်
လို့ သွားကြည့် တာ။ ဟိုရောက်တော့ ကိုတင်ဇော် ကို ရဲနှစ်ဦးက လက်ထိတ်ခတ်ပြီး ရိုက်နေ တာတွေ့ ရတယ်။
ကိုတင် ဇော်ခေါင်းမှာလဲ သွေးတွေနဲ့။ ဒါ ကြောင့် ကျွန်မက မလုပ်ကြပါနဲ့
တော်ကြပါတော့လို့ ပြောတော့မှ ရိုက်တာရပ်ပြီး နဝဒေးရဲကင်းကို
ခေါ်သွားပါတယ်''ဟု ပြောသည်။
ရဲကင်းရောက်မှ ဒဏ်ငွေ ၁၅၀၀၀ ဆောင်ရမည်ဟု ပြောကာ ပြန်
လွှတ်ပေးလိုက်သည်ဟု သိရသည်။ အရိုက်ခံရသည့် ဦးတင်ဇော် က ''ကျွန်တော်တို့က
ကောင်း ရောင်းကောင်းဝယ် လုပ်စားတာ ပါ။ ဒါကို အလုပ်ကပြန်အလာ
မှောင်ရိပ်ခိုမှုဆိုပြီး အတင်း ဖမ်း ပြီးလုပ်တာပါ။ သူတို့က ပုဒ်မမဖွင့် ဘဲ
ဒဏ်ငွေ ၁၅၀၀၀ ဆောင်ခိုင်း တယ်။ ဒါပေမဲ့ ကျွန်တော်မဆောင်
ပါဘူး''ဟုပြောကြောင်း သိရသည်။
ကျော်ကျော်
Yangon Media Group
Artikel terkait :
0 comments "အလုပ်မှ ပြန်လာသူကို ရဲကင်းမှ ခေါ်ယူစစ်ဆေး ရိုက်နှက်ဒဏ်ရာ များကြောင့် ဆေးရုံရောက်", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.