ဗီဇာ သက်တမ်းကုန် မြန်မာလုပ်သားများ နယ်စပ်တွင် သက်တမ်းတိုးပေးမည်



ဘန်ကောက် ၊ စက်တင်ဘာ ၆ ။ ။ထိုင်း နိုင်ငံတွင် နေထိုင် ခွင့်ဗီဇာ သက် တမ်းလေးနှစ်ပြည့်၍ သက်တမ်း ကုန်ဆုံး မည့် မြန်မာ အလုပ်သမား များအား ထိုင်းနယ်စပ်ငါးနေရာ တွင် သက်တမ်း တိုးပေးသွားမည် ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးတင်ဝင်းကDawei Watch သို့ ပြောသည်။

နေရပ်ပြန်ကြရမည့် သက် တမ်းကုန် အလုပ်သမားများ အ ရေး မြန်မာအလုပ်သမားဝန်ကြီး ဌာနမှ ကိုယ်စားလှယ်များနှင့် ထိုင်း အစိုးရ အလုပ်သမားဝန်ကြီးဌာန မှ ကိုယ်စားလှယ်များ စက်တင်ဘာ ၅ရက်က ဆွေးနွေးကာ ယခု ကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။ ''နို ဝင်ဘာလဆန်းပိုင်းမှာစဖွင့်ဖို့ ခန့်မှန်းထားပါတယ်''ဟု သံအမတ် ကြီးဦးတင်ဝင်းက ပြောသည်။

သက်တမ်းတိုးပေးမည့် နေရာများမှာ ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက်၊ တာချီလိတ်-မယ်ဆိုင်၊ ကော့သောင်း-ရနောင်း နှင့် နေရာ သစ်များအဖြစ် ထား ဝယ်ဒေသရှိ ထီးခီး-ဖူနမ်ရွန်၊ မြိတ် ဒေသရှိ မောတောင်-ဆင်ခွန်းတို့ တွင် ထုတ်လုပ်ပေး သွားမည် ဟု ဦးတင်ဝင်း က ဆိုသည်။

ယာယီနိုင်ငံကူးလက်မှတ် စာအုပ်အဟောင်း (သက်တမ်း မကုန်သေးသည့် စာအုပ်) ဖြင့် သော်လည်းကောင်း၊ အသစ်ဖြင့် သော် လည်းကောင်း ပြုလုပ်နိုင် ကြောင်း သိရသည်။

အစည်းအဝေးတွင် မူအား ဖြင့် နှစ်နိုင်ငံ သဘောတူညီမှုရရှိ ပြီး အတည်ပြုပေးနိုင်ရန် ထိုင်း အစိုးရအဖွဲ့သို့ တင်ပြသွားမည် ဖြစ်ပြီး အဆောက်အအုံ၊ နေရာ အတိအကျ၊ ရုံးခန်းများပြင်ဆင် သွားမည်ဟုဆိုသည်။

ကြားကာလတွင် နေထိုင် ခွင့်ဗီဇာနှင့် ယာယီနိုင်ငံကူးလက် မှတ် သက်တမ်းကုန်ဆုံးသွားသူ အနေဖြင့် ယာယီနေထိုင်ခွင့်လက် မှတ် (ထိုင်းအခေါ် ထောရော ၃၈၊ ၁) နှင့် အလုပ်သမားကတ် (Work Permit) လည်း ရမည်ဟု ဆိုသည်။ ယာယီ နိုင်ငံ ကူးလက်မှတ် သက်တမ်း မကုန်ဆုံးသေးသူများ မှာ နိုင်ငံကူးလက်မှတ်အသစ်ပြု လုပ်ရန်မလိုအပ်ဘဲ ဈေးနှုန်းသက် သာစွာပြုလုပ်ပေးရန်၊ သွားရောက် လုပ်ကိုင်နေသည့် ကာလအတွင်း အဖမ်းအဆီးမရှိစေရန် နှစ်ဖက် ညှိနှိုင်း ထားကြောင်း သံအမတ် ကြီးက ပြောသည်။

ထိုင်းအလုပ်သမားရှာဖွေ ခန့်ထားရေးဌာနမှ အထက်ပါ ကိစ္စအား ဩဂုတ် ၆ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ထိုင်းနှင့် မြန်မာ ဘက်မှ တာ ဝန်ကျဝန်ထမ်းများက တစ်နေရာ တည်းတွင်f (One Stop Service) ဖြင့် ထုတ်လုပ်ပေးသွားမည်ဖြစ်ပြီး တစ်ရက်မည် မျှထုတ်ပေးနိုင်မည် ကို အတိအကျ မပြော နိုင်သေး ကြောင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာ သံရုံးက ဆိုသည်။

အလုပ်သမား ကိုယ်တိုင် သွားရောက်ပြုလုပ်နိုင်မည် ဆိုပါ က နေထိုင်ခွင့် လက်မှတ်ဗီဇာခ ဘတ် ၅၀၀၊ ယာယီနိုင်ငံကူးလက် မှတ်(ပတ်စ်ပို့)ခ ဘတ် ၅၅၀၊ အ လုပ်သမားကတ် ဘတ် ၁၀၀၀ မှ ၁၉၀၀ ကြား၊ ကျန်းမာရေးဆေး စစ်ခဘတ် ၆၀၀၊ ကျန်းမာရေး အာမခံကြေးဘတ် ၂၂၀၀ ခန့် ကုန်ကျမည်ဟု သိရသည်။ ယခုအချိန်ထိ ဗီဇာသက် တမ်းကုန်နေသည့် အလုပ် သမား လေးသိန်းခန့်ရှိကြောင်း ဦးတင် ဝင်းက ဆိုသည်။

စိုင်းစိုး(Dawei Watch)

0 comments "ဗီဇာ သက်တမ်းကုန် မြန်မာလုပ်သားများ နယ်စပ်တွင် သက်တမ်းတိုးပေးမည်", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...