skip to main |
skip to sidebar

စစ်ကိုင်းတိုင်းဒေသကြီး
မော်လိုက်မြို့တွင် မူးယစ်ဆေးဝါး (ဘိန်းမည်း) ဖြတ်လိုသူများကို
ပြည်သူ့ရဲတပ်ဖွဲ့နှင့် ဆေးရုံတို့မှ ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း အဆိုပါ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ မြို့နယ်မှူး ရဲမှူးတင့်ဝေက The Voice သို့ ပြောကြားသည်။
“ဒီဘက်မှာက ဘိန်းမည်းပဲ သုံးကြတာ။ စားတာရှိတယ်။ ရှူတာရှိတယ်။ ဖြတ်ချင်တဲ့ သူတွေကို ကူညီဖြတ်ပေးနေပါတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ မူးယစ်ဆေးဝါး ဖြတ်ပေးခြင်းကို စီမံချက်တစ်ခုအဖြစ်
လုပ်ဆောင်နေခြင်းဖြစ်ပြီး ကျေးရွာများအထိပါ လိုက်လံစာရင်း ကောက်ခံမှုအရ
မော်လိုက်မြို့နယ်အတွင်း ဘိန်းမည်းသုံးစွဲ (စား/ရှူ) သူဦးရေ ၄၈၄
ဦးရှိပြီး ဘိန်းဖြတ်လိုသူများကို ထပ်မံသုံးစွဲခြင်း မပြုကြောင်း
ခံဝန်လက်မှတ်ထိုးကာ ဖြတ်စေကြောင်း၊ လက်ရှိတွင် ဘိန်းဖြတ်လိုသူ ၃၈ ဦးကို
ကုသပေးနေကြောင်း အဆိုပါ မြို့နယ်ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့က ဘိန်းမည်း သုံးစွဲမှုဖြင့် ဖမ်းဆီးထားသော
တရားခံတစ်ဦးမှာ အမောဖောက်လာပြီး ဆေးရုံသို့ ပို့ဆောင်ကုသစဉ်
သေဆုံးခဲ့ကြောင်း၊ ဆေးရုံဆေးစစ်ချက်အရ သေဆုံးသူ၏ နှလုံးတွင်
သွေးများခဲနေပြီး ဝမ်းတွင်းရှိ ကလီစာများမှာ ကောင်းမွန်ခြင်း မရှိ
တော့ကြောင်း၊ ယင်းဖြစ်စဉ်မှာ ဘိန်းမစားရတော့ခြင်းကြောင့် ဖြစ်သည်ဟု
ရဲမှူးတင့်ဝေက မှတ်ချက်ပြု ပြောကြားသည်။
ဘိန်းဖြတ်လိုသူတစ်ဦး၏ ကုန်ကျစရိတ်အနေဖြင့် ပထမငါးရက်တွင် တစ်ရက်လျှင်
သုံးထောင်ကျပ်ခန့် ကုန်ကျကြောင်း၊ ကျန်ရက်များတွင် ကုန်ကျမှု
နည်းပါးကြောင်း၊ ၁၄ ရက်ပြည့်အောင် ကုသပေးရ ကြောင်း၊ ကုသလိုသူ၊
ဘိန်းဖြတ်လိုသူများ အနေဖြင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့ရဲတပ်ဖွဲ့စခန်းတို့ထံသို့ လာရောက် ဆက်သွယ်နိုင်ကြောင်း ရဲမှူးက ရှင်းပြသည်။
“ဘိန်းဖြတ်ချင်လို့ လာပြီး ဆက်သွယ်ရင် အဲဒီသူကို မဖမ်းပါဘူး။ အခု ဖမ်းဆီးနေတာတွေက သုံးစွဲနေတုန်း မိတဲ့သူတွေပါ” ဟု ၎င်းကဆိုသည်။
မော်လိုက်မြို့နယ်အတွင်း ၂၀၁၃ ခုနှစ်အတွင်း လက်ရှိကာလအထိ မူးယစ်ဆေးဝါး
ဖမ်းဆီးရရှိသည့် အမှုပေါင်း ၁၇ မှုရှိကာ တရားခံဦးရေ ၂၇ ဦး ရှိကြောင်း
အဆိုပါမြို့နယ် ရဲတပ်ဖွဲ့စခန်း မှတ်တမ်းများအရ သိရသည်။
မြတ်(ကလေး)
Artikel terkait :
0 comments "မော်လိုက်တွင် မူးယစ်ဆေးဖြတ်လိုသူများကို ရဲနှင့်ဆေးရုံ ပူးပေါင်း ကုသပေးဟုဆို", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.