skip to main |
skip to sidebar
မေး။
။ ဒေါက်တာရှင့် သမီးဟာ မိန်းကလေးဖြစ်ပြီး ခြေထောက်မလှ ဖြစ်နေပါတယ်။
ခြေမမှာ ခြေစွယ် မကြာခဏ ငုပ်ပါတယ်။ ငုပ်ရင်လည်း ဒေါက်ဖိနပ်
မစီးနိုင်အောင်ကို နာနေပါတယ် ဆရာ။
တစ်ခါတလေဆို ပြည်ပါတည် တတ်လို့ စိတ်ညစ်ရပါတယ်။ ခြေစွယ်မငုပ်အောင်
ဆိုင်သွားပြီး Nail Health လုပ်လည်း ခဏပဲခံတယ် ဆရာရယ်။ သမီးဘယ်လို
လုပ်ရမလဲ။ ကူညီ ဖြေကြားပေးပါ။
မီးမီးချော(အမရပူရ)
ဖြေ။ ။
အမရပူရက သမီးချောက အလှကြိုက်ပါလျက် ခြေစွယ်ငုပ်ရလို့ စိတ်ညစ် နေရပါသတဲ့။
ဟုတ်ကဲ့ပါ၊ သမီးလို အလှကြိုက်လျက် ခြေမကဖျက် နေတဲ့ အလှကြိုက် သူလေးတွေ
သိဖို့ ခြေစွယ်ငုပ်ခြင်း အကြောင်း ဆရာရှင်း ပြလိုပါတယ်။
ခြေစွယ်ငုပ်တယ် ဆိုတာက ခြေသည်းညှပ်စဉ်က ကျန်ခဲ့တဲ့ ခြေစွယ်က အသားထဲ
တိုးဝင်ရာက ခြေစွယ်ဝန်းကျင်မှာ အနာဖြစ်လာတာပါ။ အဲဒီအနာက ပြည်ပါ လိုက်လာပြီး
ပို၍ ဆိုးဝါးစေပါ တယ်။ ခြေသည်းညှပ်ရာမှာ ခြေစွယ်ကျန်ခြင်းနဲ့
ရှူးဖိနပ်ကျပ်ကျပ် စီးခြင်းတို့ဟာ ခြေချောင်းများကို စုညှစ်သလို
ဖြစ်နေတာကြောင့် ခြေစွယ် ငုပ်တတ်ပါတယ်။
ကဲ ခြေစွယ် ငုပ်လာပြီဆိုပါစို့။ ဘာစလုပ်ကြမလဲ။
(၁) ခြေစွယ်ငုပ်နေတဲ့ ခြေထောက်ကို ရေနွေးထဲမှာ ဆားထမင်းစား
ဇွန်းနှစ်ဇွန်းခန့် ထည့်မွှေထားတဲ့ ဆားရေနွေးနဲ့ ဆယ်မိနစ်ခန့်
စိမ်ပါ။(တစ်နေ့ နှစ်ကြိမ်ခန့် စိမ်ပါ) နာနေတဲ့ နေရာကို ပလာစတာ ကပ်ထားပါ။
ခြေညှပ်ဖိနပ်၊ ကွင်းထိုး ဖိနပ်စီးပါ။
(၂) ခြေစွယ်နာ လုံးဝ ပျောက်ကင်းသွားမှ ခြေသည်းညှပ်ပါ။
(၃) ခြေသည်းဆိုးခြင်း၊ ကြေးချွတ်ခြင်းတို့ကို ခြေစွယ်ငုပ်နေစဉ် မလုပ်သင့်ပါ။
ခြေစွယ် ငုပ်လေ့ရှိတဲ့ သမီး မီးမီးချောအနေနဲ့ ခြေစွယ်မငုပ်အောင် ကာကွယ် နည်းတွေရှိပါတယ်။
(၁) နေ့စဉ် ခြေဆေးပါ။ ဆေးပြီးတာနဲ့ ရေစင်အောင် သုတ်ပါ။
(၂) ရှေ့ဘက်မှာ ခြေချောင်းလေးများကို စုညစ်ထားတဲ့ ဦးချွန် ဒေါက်မြင့်မျိုး မစီးသင့်ပါ။
(၃) ခြေဦးပိုင်း ဖွင့်ထားတဲ့ ချည်ထည်ခြေစွပ်၊ စတော်ကင်များကိုသာ ဝတ်ပါ။ နေ့စဉ်လဲပါ။
(၄) ခြေသည်းမညှပ်မီ ခြေသည်းနူးပျော့လာရန် ခြေထောက်ကို ရေနွေးထဲမှာ ၁ဝ
မိနစ်ခန့်စိမ်ပြီးမှ လက်သည်းညှပ် ကောင်းကောင်းနဲ့ ခြေစွယ်မကျန်အောင်
ညှပ်ပါ။ ထောင့်ဘက် အဖျားများကို တံစဉ်းတိုက်ပါ။ ခြေစွယ် ကုပ်နေလျှင်
ထိုနေရာကို အချွန်အထက်ဖြင့် အတင်းမကော်ပါနဲ့။ ရေနွေးစိမ်ပြီး
ခြေသည်းပျော့သွားမှ ခြေစွယ်ကို ညှပ်ပါ။
Artikel terkait :
0 comments "အလှကြိုက်သူ မိန်းကလေးများနှင့် ခြေစွယ်ငုပ်ခြင်း အကြောင်း", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.