skip to main |
skip to sidebar

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မြောက်ပိုင်း)
ABSDF ခေါင်းဆောင်တချို့ကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က
လက်နက်တွေသိမ်းဆည်းပြီး အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတယ်လို့ ဖေ့ဘုတ်
အင်တာနက် လူမှုရေးစာမျက်နှာတွေမှာ သတင်းတွေထွက်ပေါ်နေပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA က ABSDF ဒုဥက္ကဌ ဦးမျိုးဝင်းကို ဆက်သွယ်မေးမြန်းရာမှာ မဟုတ်မမှန်ပါဖူးလို့ ငြင်းဆိုပါတယ်။
အလားတူ လိုင်ဇာအခြေစိုက် ကချင်လွတ်မြောက်ရေးတပ်မတော် KIA က
အမည်မဖေါ်လိုတဲ့ တပ်မှူးတစ်ဦးကလည်း မဟုတ်ကြောင်း RFA ကို သောကြာနေ့က
ဆက်သွယ်မေးမြန်းရာမှာ ပြောပါတယ်။
ဒါပေမယ့် အစိုးရအရာရှိတစ်ဦးကတော့ အဲဒီသတင်းဟာ မှန်ကန်ကြောင်း ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အေဘီအက်စ်ဒီအက်ဖ် မြောက်ပိုင်းခေါင်းဆောင်တွေနဲ့ ကေအိုင်အိုအကြား သဘောထား မတိုက်ဆိုင်တာကြောင့် အခုလို ကျောင်းသားတပ်မတော် မြောက်ပို်င်းခေါင်းဆောင်တချို့ကို ဖမ်းဆီးထိန်းသိမ်းထားတာလို့ သူတို့သိရှိရကြောင်း RFA ကို အမည်မဖေါ်ပဲ ပြောဆိုပါတယ်။
ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးအဖွဲ့ဟာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှု
ကော်မတီနဲ့ အချက် ၁၂ ချက်ပါ ပြည်ထောင်စုအဆင့် သဘောတူလက်မှတ်ရေးထိုးထားပြီ
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကလည်း အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ
သဘောတူညီချက် (၇) ချက်ကို သဘောတူ လက်မှတ်ရေးထိုးထားပါတယ်။
Artikel terkait :
0 comments "မကဒတ မြောက်ပိုင်းခေါင်းဆောင်များ အကျယ်ချုပ်ချခံနေရ", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.