ခွေးကိုဆဲသည့် မြန်မာ အလုပ်သမား ပုလောမြို့နယ် ပလ ကျေးရွာသား အား ထိုင်းလူမျိုးက သေနတ်ဖြင့် ပစ်သတ်



ထိုင်းနိုင်ငံ တောင်ပိုင်း စူရတ်ဌာနီမြို့ ဘန်ခ်ျရနပ် ကွက်တွင် နေထိုင်သည့် ပုလောမြို့နယ် ပလ ကျေးရွာနေ ဦးကျော်မင်း+ ဒေါ်ထွေးရီ တို့၏ သား ကိုသိန်းမင်းစံ အသက် (၂၁)နှစ် သည် ယမန်နေ့ ညနေ ၆နာရီကျော်ခန့်က အချိုရည်နှင့် မုန့်များ ၀ယ်ယူရန် သွားစဉ် ခွေးတစ်ကောင် လိုက်ကိုက်သဖြင့် ထိုခွေးအား ထိုင်းဘာသာစကားဖြင့် ဆဲဆိုခဲ့ရာ စားစရာများ ၀ယ်ယူပြီးနောက်
ပြန်လာသောအခါ ခွေးပိုင်ရှင် ထိုင်းလူမျိုးက အိမ်ရှေ့မှ စောင့်နေပြီး
ညာဘက်ရင်အုံနှင့် ညာဘက် မျက်ခုံး အပေါ်နဖူးစောင်းတို့ကို သေနတ်ဖြင့်
၂ချက် ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ကိုသိန်းမင်းစံသည် လူပျို လူလွတ်ဖြစ်ကြောင်း သိရှိရပြီး ယခု လုပ်ကိုင်နေ
သည့် ရာဘာခြံတွင် ၄နှစ်တိုင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား တစ်ဦးဖြစ်သည်။ အလောင်းအား စက်တင်ဘာလ ၇ ရက်နေ့တွင် သဂြိုဟ်
ခဲ.ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
 
မြိတ်ပုလဲမြေ
Admin :သီဟ(ဘိုကလေးသား)

0 comments "ခွေးကိုဆဲသည့် မြန်မာ အလုပ်သမား ပုလောမြို့နယ် ပလ ကျေးရွာသား အား ထိုင်းလူမျိုးက သေနတ်ဖြင့် ပစ်သတ်", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...