skip to main |
skip to sidebar

ယုဇနပလာဇာမှာ ညညဆို သရဲအရမ်းခြောက်နေတာတဲ့။
ဈေးလုံခြုံရေးတွေ လုံးဝအိပ်လို့မရအောင် ခြောက်နေတာတဲ့။ နောက်ဆုံး
ဆရာတော်ကြီးများပင့်ပြီး အသံမဆဲ ပဋ္ဌာန်းပွဲ ကျင်းပပါတယ်။
(၅)ရက်တိုင်တိုင်ပါ။ ဒီနေ့မှာတော့ ပဋ္ဌာန်းပွဲ အောင်မြင်စွာနဲ့ပြီးဆုံးပါတယ်။
ဇတ်လမ်းက ဒီမှာစတော့တာ
ပဋ္ဌာန်းပွဲ အပြီးရေစက်ချ အမျှဝေနေတုန်း တရားနာနေတဲ့ ရှေ့ဆုံးက
အမျိုးသမီးကြီးဟာ ယိမ်းထိုးသွားပြီး အားးးးးးး အားးးးးးးး လို့အော်လိုက်တဲ့အသံကြီးဟာ ကျယ်လွန်းအားကြီးလို့
မိုက်ကလိုဖုန်းကနေတဆင့် ဈေးတစ်ဈေးလုံးကြားလိုက်ရတယ်။ အမျိုးသမီးကြီးဟာ
ယိမ်းယိမ်းယိုင်ယိုင်နဲ့ မျက်နှာအောက်ငုံပြီး ဖင်တရွတ်တိုက်ဆွဲပြီး
အပြင်ထွက်တဲ့ အပေါက်ဝဘက်ကို တရွေ့ရွေ့သွားတယ်။
တရားဟောနေတဲ့ ဆရာတော်က နင်ဘယ်သူတုန်း၊ ဒီဘက်ကိုလှည့်စမ်း ဆိုလည်း
မျက်နှာကိုလုံးဝမပြတော့ဘူးတဲ့၊ အပေါက်ဝဘက်ကိုဘဲ သွားဖို့ကြိုးစားနေတယ်တဲ့။
ဆရာတော်က အသံမာမာနဲ့ဟိန်းဟောက်ပြောတော့မှ ဆရာတော်ဘက်ကိုလည့်လာ
တယ်တဲ့။မျက်နှာကိုတော့ လုံးဝမပြဘူးတဲ့။ဆရာတော်က နင်ဘယ်သူတုန်း၊
နင်ဘာဖြစ်နေတာတုန်းလို့မေးတော့မှ ဘလုံးဗထွေးလေသံနဲ့ ဈေးမှာနေတဲ့
သူရဲမပါ။သူတို့မှာနေစရာမရှိလို့နေစရာပေးပါ။ ဒီဈေးမှာသူတို့ခြောက်ယောက်
ရှိတယ်။သူတို့ကိုအုပ်ချုပ်တဲ့သူရဲကြီးက နေစရာမပေးလို့သွားစရာမရှိပါဘူး။
နေစရာပေးပါ၊ လူတွေကို ဘာမှမလုပ်ပါဘူးလို့ပြောတယ်တဲ့၊
ဆရာတော်က ဒါဆို အပေါ်ဆုံးထပ်ခုနှစ်လွှာမှာနေဆိုပြီး နေရာပေးလိုက်တယ်တဲ့။ ခုနှစ်လွှာကတော့ လူမနေပါဘူး၊ ပစ္စည်းတွေထားတဲ့ ဂိုတောင်တွေဘဲရှိတာပါ။
ကြားရတာ တမျိုးကြီးဘဲဗျာ ဒီခေတ်ကြီးထဲမှာ ဒီလိုတွေရှိနေတယ်ဆိုတာ
မယုံချင်ပေမယ့် အခုအဖြစ်အပျက်ကြီးက ဒီနေ့ဒါကယ်ဖြစ်တာဆိုတော့ ဘာပြောရမယ်မှန်းတောင်မသိတော့ဘူး......။
From: kyaw Swarwin
mmdailystar
Admin : သီဟ (ဘိုကလေးသား)
Artikel terkait :
0 comments "ယုဇနပလာဇာမှာ ညညဆို သရဲခြောက်ကောင်သောင်းကျန်း၍ ပဋ္ဌာန်းပွဲပြုလုပ်", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.