skip to main |
skip to sidebar
ပိုလန်နိုင်ငံတွင်
နှစ်စဉ်ကျင်းပပြုလုပ်သော ဝက်ခ်ျဒေါ့စ် မှတ်တမ်းရှပ်ရှင်ပွဲတော်တွင်
ပြသခဲ့သော လူ့အခွင့်အရေးမှတ်တမ်း ဇာတ်ကားများကို ရန်ကုန်မြို့၌ ပထမဆုံး
လာရောက်ပြသမည့် ခရီးစဉ်တွင် အခမဲ့ပြသမည် ဖြစ်ကြောင်း ပဏ္ဍိတဖွံ့ဖြိုးရေး
အင်စတီကျု (Pandita Development Institute -PDI) ထံမှ သိရသည်။
ယင်းအစီအစဉ်ကို စက်တင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိနေ့စဉ် နံနက် ၁၀ နာရီ မှ
ညနေ ၅ နာရီအထိ ဒဂုံမြို့နယ် တော်ဝင်လမ်းရှိ အမေရိကန်စင်တာတွင် ပြသမည်
ဖြစ်သည်။
ပိုလန်နိုင်ငံတွင် နှစ်စဉ်ပြုလုပ်သော ဝက်ခ်ျဒေါ့စ်
မှတ်တမ်းရုပ်ရှင်ပွဲတော်တွင် ပါဝင်ပြသခဲ့ပြီးသော မှတ်တမ်းရုပ်ရှင်များထဲမှ
ရွေးချယ်ကာ လူ့အခွင့်အရေးမှတ်တမ်း ရုပ်ရှင် ၁၆ ကားကို သုံးရက်ကြာ ပြသမည်
ဖြစ်ကြောင်း ယင်းရုပ်ရှင်ပြသမည့် အစီအစဉ်အရ သိရသည်။
“ပွဲရဲ့အဓိကရည်ရွယ်ချက်ကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အသိပညာတွေကို
ပြည်သူတွေကို အနုပညာနဲ့ချပြတဲ့ သဘောပါ” ဟု PDI မှ တာဝန်ရှိသူတစ်ဦးက
ဆိုသည်။
လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကို
မြန်မာနိုင်ငံတွင် ကျင်းပနေပြီဖြစ်ကာ ဆုရရုပ်ရှင်ကားများကို
နယ်မြို့များတွင် သွားရောက် ပြသလျက်ရှိပြီး လူ့အခွင့်အရေးနှင့် ပတ်သက်သော
အမေးအဖြေ အစီအစဉ်များကို ပြုလုပ်နေကြောင်း ဦးမင်းထင်ကိုကိုကြီးက
ပြောကြားသည်။
ဝက်ခ်ျဒေါ့စ် ရုပ်ရှင်ပွဲတော်သည် ၂၀၁၁ ခုနှစ်
ဒီဇင်ဘာလလတွင် လူ့အခွင့်အရေး စောင့်ကြည့်သူများက ရုပ်ရှင်မှတ်တမ်း
ပွဲတော်အဖြစ် စတင်ခဲ့ပြီး နောက်ပိုင်းတွင် ပိုလန်နိုင်ငံ ဟယ်လ်စင်ကီ
လူအခွင့်အရေး ဖောင်ဒေးရှင်းက ပါဝင်ပူးပေါင်းခဲ့သည်။
ဝက်ခ်ျဒေါ့စ်
ရုပ်ရှင်ပွဲတော်သည် ရုပ်ရှင်ဒါရိုက်တာများ၊ သတင်းစာဆရာများ၊ ကျော်ကြားသော
နိုင်ငံရေးသမားများ၊ NGO အဖွဲ့အစည်းများ၏ ပညာရပ်ဆိုင်ရာ အလုပ်ရုံ
ဆွေးနွေးပွဲများနှင့် တက္ကသိုလ် စာကြည့်တိုက်များနှင့် ပညာရှင်များအတွက်
ကိုးကားရန် အချက်အလက်များ အကူအညီပေးရာတွင် နာမည်ကျော်ကြားလျက် ရှိသည်။
The Voice
Artikel terkait :
0 comments "လူ့အခွင့်အရေး မှတ်တမ်းဇာတ်ကားများ သုံးရက် အခမဲ့ပြမည်", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.