skip to main |
skip to sidebar
သင်္ဃန်းကျွန်း၊
သုဝဏ္ဏနယ်မြေ အတွင်းရှိ ရန်ကုန်သစ်ရပ်ကွက် ဘုရင့်နောင် ကမ်းနားလမ်းတွင်
စက်တင်ဘာလ ၇ ရက် ည ၇ နာရီခန့်က ယမ်းအားပြင်းထန်သော စမူဆာ ဗြောက်အိုး
ထိမှန်ခဲ့မှုကြောင့် အသက် ၁၀ နှစ်အရွယ် ကျောင်းသားတစ်ဦး၏ ခြေထောက်၌ဒဏ်ရာ
ရရှိခဲ့ကြောင်း အဆိုပါကလေး၏အဘွား ဒေါ်သန်းစိန်က The Voice သို့ ပြောကြားသည်။
အဆိုပါ ဗြောက်အိုးသည် အသက် ၁၀ နှစ်အရွယ် မောင်သန့်ထူးပိုင်၏ ခြေထောက်အနီး
ရောက်လာစဉ် ၎င်းက ခုန်မိရာ ဗြောက်အိုးသည် ခြေထောက်အောက် တည့်တည့်သို့
ရောက်ရှိပြီး ပေါက်ကွဲခဲ့သဖြင့် ကလေးငယ်လည်း လဲကျခဲ့ကြောင်း ၎င်းကရှင်းပြသည်။
“စမူဆာပုံစံ ဗြောက်အိုးနဲ့ ပစ်လိုက်တာ ဖိနပ်တွေလည်း စုတ်ပြတ်သတ်သွားတယ်။
လူကလည်း ချာလည်လည်ပြီး မြေပေါ်ကို ပစ်ကျတာ ခြေထောက်တောင် မထောက်နိုင်ဘူး။
ဖျားပြီး လဲနေတယ်” ဟု ၎င်းကဆိုသည်။
လူထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီးနောက်
ဗြောက်အိုးဖောက်သည့် ကလေးသူငယ်များကို ဟန့်တားရန် စီစဉ်လျက်ရှိပြီး
ရောင်းချသူများကို ဖမ်းဆီးရန်မှာ ရဲလုပ်ငန်းစဉ်သာ ဖြစ်ကြောင်း၊ လတ်တလောတွင်
မည်သည့် ညွှန်ကြားချက်မှ ထုတ်ပြန်ထားခြင်း မရှိကြောင်း ရန်ကုန်သစ်
ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက ပြောကြားသည်။
သီတင်းကျွတ်
ပွဲတော်ကာလအတွင်း ဗြောက်အိုး၊ မီးရှူးမီးပန်း ရောင်းချသူများကို
ပေါက်ကွဲစေတတ်သည့် ပစ္စည်းကို လက်ဝယ်ထားရှိမှု ပုဒ်မ ၂၈၆ ဖြင့် အမှုဖွင့်ပြီး
တရားရုံးက အမှုပေါ်မူတည်၍ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း
သုဝဏ္ဏနယ်မြေရဲစခန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ပေါက်ကွဲတတ်သော
အရာဝတ္ထုနှင့် စပ်လျဉ်း၍ ပေါ့လျော့ပါက ထောင်ဒဏ်သုံးနှစ် အထိသာမက ငွေဒဏ်ကိုပါ
ချမှတ်နိုင်ကြောင်း ၁၉၇၄ခုနှစ် အထိ ပြင်ဆင်ထားသော မြန်မာနိုင်ငံ
ရာဇသတ်ကြီး ဥပဒေများအရ သိရှိရသည်။
ဗြောက်အိုးနှင့် မီးရှူးမီးပန်း
အမျိုးပေါင်း ၁၀၀ ခန့်ရှိသည့်အနက် အရိုးခေါင်း၊ လိပ်ပြာ၊ ရှူးဒိုင်း၊
စမူဆာ ဗြောက်အိုး ၊ ကြယ်တို့သည် အရောင်းရဆုံး ပစ္စည်းများဖြစ်ပြီး၊
မီးရှူးမီးပန်းတစ်ဘူးလျှင် ကျပ် ၂၀၀၀ မှ ကျပ် ၈၀၀၀ အတွင်း ရောင်းချလျက်
ရှိကြောင်း၊ လက်ကား ရောင်းချသူများအတွက် ၄၀ ရာခိုင်နှုန်း အမြတ်ရရှိပြီး
လက်လီရောင်းချသူများအတွက် တစ်ဆကျော် အမြတ်ရရှိကြောင်း ဗြောက်အိုး၊
မီးရှူးမီးပန်းဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။
“သီတင်းကျွတ်
တစ်ရာသီတည်း သိန်းနှစ်ဆယ်ရင်းရင် ရှစ်သိန်းလောက် အမြတ်ရတယ်” ဟု ဗြောက်အိုး၊
မီးရှူးမီးပန်းများကို လက်ကားရောင်းချသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
The Voice
Artikel terkait :
0 comments "စမူဆာဗြောက်အိုးကြောင့် ၁၀ နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရ", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.