★ မြိတ်မြို့ နောက်လယ်ရပ် (၆)လမ်းတံတားအောက် ဘုရားကိုင်ချောင်း အတွင်း ဘီအေ (၆၃)မောင်းပြန် ရိုင်ဖယ် သေနတ်တစ်လက်တွေ့ရှိ ★



မြိတ်မြို့ နောက်လယ်ရပ်ကွက် နောက်လယ် (၆)လမ်းတံတားအောက် ဘုရားကိုင်ချောင်းအတွင်း ရေကျနေစဉ် မြိတ်တောင်ရပ်ကွက် မြို့သစ် (၁) ရပ် ရွှေနှင်းဆီလမ်းတွင် နေထိုင်သော ဦးဝယ်သား ၏ သား မောင်စိုးနိုင် (၁၆)နှစ် သည် ယနေ့ နံနက် (၆း၃၀)နာရီတွင် ပလပ်စတစ်အဟောင်းများ လိုက်လံရှာဖွေနေစဉ် ပလပ်စတစ်အိတ် အဟောင်း ဖြင့် ပတ်ထားသော အထုပ်တစ်ထုတ်အား တွေ့ရှိကောက်ယူစဉ် ကျည်ဘောက် နှင့်သေနတ် အပိုင်းအစအား တွေ့ရှိခဲ့ရာ မြိတ်တောင်ရပ်ကွက် ရေနံမြေရပ် ရာအိမ်မှူး ဦးမျိုးဆွေထံ သတင်း ပို့ခဲ့သည်။

ယင်းနောက် ရေနံမြေရပ် ရာအိမ်မှူးမှ နောက်လယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ထံ အကြောင်းကြားခဲ့ရာ အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းသိန်း က ဒေသအာဏာပိုင်များသို့ ဆက်လက်သတင်းပို့ အကြောင်းကြားခဲ့သဖြင့် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ က ရှာဖွေတွေ့ရှိရာနေရာသို့ သွားရောက်စစ် ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးခဲ့ရာ ပလပ်စတစ်အိတ်ဖြင့်ရစ်ပတ်ထားသော ဘီအေ(၆၃)မောင်းပြန်ရိုင်ဖယ် G3 ဒင်မပါ ကိုယ်ထည် (၁)ခု (မောင်းတုံးစပရင်ပါ)၊ ကျည်ဘောက် (၆)ခု၊ ကျည် (၂၈)တောင့်၊ ကာဘိုင်ကျည်ဘောက် (၁)ခု၊ G3 သေနတ်အပစ်လက်ကိုင် (၁)ခု ၊ သေနတ်ဒင်ပိတ် (၁)ခု၊ ပလပ်စတစ်အိတ်အဟောင်းဖြင့် သီးခြားထုတ်ထား သော (၉မမ)ကျည်အတောင့် (၂၀)တို့အား စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သတင်းရရှိသည်။
 https://www.facebook.com/tanintharyi.thar?hc_location=stream
 

0 comments "★ မြိတ်မြို့ နောက်လယ်ရပ် (၆)လမ်းတံတားအောက် ဘုရားကိုင်ချောင်း အတွင်း ဘီအေ (၆၃)မောင်းပြန် ရိုင်ဖယ် သေနတ်တစ်လက်တွေ့ရှိ ★", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...