skip to main |
skip to sidebar
ရုရှားနိုင်ငံက ခေတ်မီ S-500 လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ၂ဝ၁၇ ခုနှစ်တွင် တပ်ဖြန့်ချထားသွားမည်
ရုရှားကာကွယ်ရေး ဝန်ကြီးဌာနသည် အာကာသအတွင်းရှိ ပစ်မှတ်များကိုပင်
တိုက်ခိုက်ဖျက်ဆီးနိုင်သည့် S-500 ခေတ်မီလေကြောင်းရန် ကာကွယ်ရေး ဒုံးစနစ်
အသစ်တစ်မျိုးကို ၂ဝ၁၇ ခုနှစ်တွင် တပ်ဖြန့်ချထားသွားနိုင်ရန် အစီ အစဉ်
ရေးဆွဲထားကြောင်း သြဂုတ် ၃၁ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
S-500 လေကြောင်းရန် ကာကွယ်ရေးစနစ်သည် တီထွင်စမ်းသပ်မှု အဆင့်၌သာရှိနေပြီး ၎င်း၏
တာဝေးပစ်စနစ် သည် အာကာသ အတွင်းရှိ ပစ်မှတ်များကိုပင် ကောင်းစွာတိုက်ခိုက်
ဖျက်ဆီးနိုင်ကြောင်းနှင့် ရုရှားနိုင်ငံ၏ ပိုင်နက် နယ်မြေအားလုံးကို
ကာကွယ်စောင့်ရှောက် ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရုရှားနိုင်ငံသည် အမေရိကန်၏ ဥရောပဒုံးကျည် ကာကွယ်ရေးစနစ် တည်ဆောက်မည့်
အစီအစဉ်ကို ဆန့်ကျင် ကန့်ကွက်လျက် ရှိနေသော်လည်း ၎င်း၏ဒုံးကျည် ကာကွယ်ရေးစနစ်
များကိုမူ ပိုမို၍ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Artikel terkait :
0 comments "ရုရှားနိုင်ငံက ခေတ်မီ S-500 လေကြောင်းရန် ကာကွယ်ရေးစနစ်", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.