Sky Net ရုပ်သံလိုင်းမှ သက်တမ်းကျန်ရှိနေသေးပြီး ဘောလုံးပွဲ ကြည့်ရှုရန်အတွက် ပြောင်းလဲသက်တမ်းတိုးလိုသူမ
နိုင်ငံပိုင် သတင်းစာများတွင် Sky Net ရုပ်သံလိုင်းမှ တရားဝင် ထည့်သွင်းကြော်ငြာရာ၌ ယခင် SN-2 ယူထားသူများ အနေဖြင့် ဘောလုံးပွဲများ ကြည့်ရမည့် SN-3 သို့ ပြောင်းလဲကြည့်ရှုမည် ဆိုပါက သက်တမ်းကျန်နေ သူများသည် ခြားနားသည့် ကြည့်ရှုခကို ထပ်မံပေးသွင်းခြင်းဖြင့် ပြောင်းလဲကြည့်ရှုရမည်ဟု ဖော်ပြထားကြောင်း သိရသည်။
ဂြိုဟ်တုထိပ်ဖူး လဲစဉ်ကလည်း တစ်လအခမဲ့ ကြည့်ရမည်ဟု ပြောကြားထားသော်လည်း ယခုသက်တမ်းတိုးရာတွင် အဆိုပါ တစ်လအား ထည့်သွင်းတွက်ချက်ပေးခြင်း မရှိသည့် မြို့နယ်အချို့ရှိကြောင်း စမ်းချောင်းမြို့နယ်တွင် သက်တမ်းသွားရောက် တိုးခဲ့သူများက ပြောကြားခဲ့သည်။
သြဂုတ် ၃၀ ရက်က စမ်းချောင်းမြို့နယ်တွင် သက်တမ်းတိုးရာ၌ မြို့နယ်အရောင်းကိုယ်စားလှယ
သက်တမ်းတိုးသူ ဦးခင်မောင်လတ်က "သြဂုတ်လ ၃၀ ရက်နေ့က စမ်းချောင်းမှာ သက်တမ်းတိုးတော့ လာပြီးသက်တမ်းတိုးတဲ့သူ အများစုနဲ့ မြို့နယ်အရောင်းကိုယ်စားလှယ
သက်တမ်းသွားရောက်တိုးသူ စမ်းချောင်းမှ ဒေါ်အေးအေးကလည်း "Sky Net စပေါ်ကတည်းက တစ်နှစ်လုံးစာအပြည့် သက်တမ်းတိုးတိုးလာတာ။ ဘောပွဲကြည့်ရမယ်ဆိုပြီး ဘောပွဲမကြည့်ခဲ့ရဘူး။ ဂြိုလ်တုထိပ်ဖူး လဲတုန်းကလည်း တစ်လအလကား ကြည့်ရမယ်ဆိုပြီး အခု သက်တမ်းသွားတိုးတော့ အဲဒီတစ်လ ထည့်မတွက်ပေးဘူး။ တစ်ခါသက်တမ်းကျန်တဲ့သူတွေ လိုတဲ့ငွေ ထပ်သွင်းဆိုတဲ့ နေရာမှာလည်း တစ်နှစ်စာ သက်တမ်းမကျန်လို့ဆိုပြီး တစ်လ ၄၀၀၀ ကျပ်နဲ့ မရဘူး ပြောတယ်" ဟု ပြောပြခဲ့သည်။
မိတ္ထီလာမြို့မှ ကိုကျော်ကြီးကလည်း "သူတို့ တရားဝင် ကြေညာထားတာနဲ့ အလွဲဆုံးချက်က ကျွန်တော့်မှာ သက်တမ်း ၇ လလောက် ကျန်သေးတယ် ဘယ်လောက်ထပ်ပေးရမလဲမေးတော့ ၇ လနဲ့ တိုးလို့မရဘူး တစ်နှစ်စာ အပြည့်ဆောင်မှ ရမယ်၊ ငွေတစ်သိန်းကျော် ယူခဲ့လိုက်လို့ ပြောတယ်။ တရားဝင် ကြေညာထားတာက သက်တမ်းဘယ်လောက်ကျန်ကျန် ပြောင်းသွင်းလို့ရတယ် ပြောထားတာ။ အခုကျ မရဘူး။ တစ်လ ၄၀၀၀ ကျပ် ထပ်သွင်းရမယ့် ကိစ္စဆိုရင်လည်း သက်တမ်းကျန်တဲ့သူလို့ ပြောထားတာ။ တစ်နှစ်အပြည့်သက်တမ်း ဘယ်သူကျန်မလဲ။ တစ်နှစ်သက်တမ်းကျန်တဲ့သူ မရှိတဲ့အတွက် တစ်လ ၄၀၀၀ သွင်းဖို့ ထည့်ထည့် ကြေညာစရာ မလိုတော့ဘူး။ တစ်လကျပ် ၄၀၀၀ လို့ ထည့်ထည့်ကြေညာတော့ ကျွန်တော်တို့လည်း ၄၀၀၀ ပဲ ပေးရမယ် ထင်တာပေါ့။ အခုတိုးလိုက်တဲ့ ကိစ္စကလည်း သူတို့ဟာသူတို့ အကုန်သိမ်းပြီး လုပ်ချင်လို့ ဒေါ်လာသန်းပေါင်းများစွာပေြး
Eleven
0 comments "Sky Net ရုပ်သံလိုင်းမှ တရားဝင် ကြေညာထားသည့် အခွင့်အရေးများအတိုင်း မပေးဟုဆိုကာ အများစု မကျေနပ်", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.