မြန်မာ့ငြိမ်းချမ်းရေးပွဲတော် Sky Net တံခွန်စိုက် အငြိမ့်ပြိုင်ပွဲတွင် အဖွဲ့(၁၅)ဖွဲ့ပါဝင်ယှဉ်ပြိုင်မည်



လာမယ့် စက်တင်ဘာလ(၂၁)ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာ
ငြိမ်းချမ်းရေးနေ့အမှီ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လှုပ်ရှားမှုတစ်ရပ်
အနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးပွဲတော် Sky Net တံခွန်စိုက်အငြိမ့်ပြိုင်ပွဲကြီ
တွင် အငြိမ့်အဖွဲ့(၁၅)ဖွဲ့ ပါဝင်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။ အဆိုပါ
ငြိမ်းချမ်း ရေးပွဲတော်ကို လာမည့် စက်တင်ဘာ(၁၆)ရက်၊(၁၇)ရက်နှင့်
(၁၈)ရက်များတွင် အကြိုပြိုင်ပွဲများကို ပြုလုပ်သွားမည်ဖြစ်ပြီး၊ စက်တင်ဘာ
(၂၁)ရက်နေ့တွင် နောက်ဆုံးဗိုလ်လုပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း
သိရသည်။ပြိုင်ပွဲဝင်အဖွဲ့ဝင်ကို(၅)ယောက် သတ်မှတ်ထားပြီး၊တစ်ဖွဲ့ကို
ယှဉ် ပြိုင်ချိန်(၁)နာရီခွင့်ပြုသွားမည် ဖြစ်ကြောင်း ပြိုင်ပွဲဖြစ်မြောက်ရေး
ဆောင်ရွက်သူဦးသူရ(ဇာဂနာ)က ပြောကြားခဲ့သည်။ပြိုင်ပွဲဝင်အဖွဲ့များ
အနေဖြင့် အနည်းဆုံးငြိမ်းချမ်းရေးသီချင်းတစ်ပုဒ်စီ ရေးစပ်ရမည် ဖြစ်ပြီး၊
ရေးစပ်ရန် အခက်အခဲရှိသူများအတွက်ကိုလည်း ဦးသူရ(ဇာဂနာ)တို့အဖွဲ့မှ
သီချင်း ရေးပေးကာ ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။ပြိုင်ပွဲကိုပထမ၊
ဒုတိယ၊ တတိယဆုသုံးဆုနှင့် နှစ်သိမ့်ဆုအပြင် အကောင်းဆုံးလူရွှင်တော်
ဆုနှင့်အကောင်းဆုံး မင်းသမီးဆုများကိုလည်း ချီးမြှင့်သွားမည်ဟု သိရသည်။
အဆိုပါငြိမ်းချမ်းရေးပွဲတွင် ဝါရင့်လူရွှင်တော်ကြီးများက ဒိုင်အဖွဲ့အဖြစ်
ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒိုင်ချုပ်အဖြစ်ကို အကယ်ဒမီဝါရင့်သရုပ်ဆောင်
အငြိမ့်မင်းသမီး ဒေါ်နွဲ့နွဲ့စမ်းက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။အဆိုပါငြိမ်းချမ်းရေးပွဲတော်ကို အမျိုးသားကဇာတ်ရုံ၌ကျင်းပ
သွားမည်ဖြစ်ပြီး၊မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်ရက် (၄)ရက်လုံးကို ညနေ(၅)နာရီတွင် စတင်ကျင်းပသွားမည်
ဖြစ်ကြောင်း သိရသည်။
 
 SkyNet TV Browser
Admin : သီဟ(ဘိုကလေးသား)

0 comments "မြန်မာ့ငြိမ်းချမ်းရေးပွဲတော် Sky Net တံခွန်စိုက် အငြိမ့်ပြိုင်ပွဲတွင် အဖွဲ့(၁၅)ဖွဲ့ပါဝင်ယှဉ်ပြိုင်မည်", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...