skip to main |
skip to sidebar
Beranda
»
အားကစား
»
ရွှေမြန်မာတို့ရဲ့ နေ့ဖြစ်လေမလား ( မြန်မာ U-23 & မလေးရှား U-23 )

ဒီနေ့မှာဆိုရင် မြန်မာယူ-၂၃အမျိုးသားအသင်းဟာ မလေးရှားနိုင်ငံ
Darul Makmur Stadiumကွင်းထဲမှာ မာဒေးကားဖလားဗိုလ်လုပွဲအဖြစ် ည7း15မှာ
မလေးရှားအသင်းနဲ့ ယှဉ်ပြိုင်ရပါတော့မယ်။ ဒီလိုပါပဲ
မြန်မာအမျိုးသမီးအသင်းဟာဆိုရင်လဲ 2013အာဆီယံချန်ပီယံရှစ်
အုပ်စုပွဲစဉ်အဖြစ် သုဝဏ္ဏကွင်းကြီးထဲမှာ ည73း0မှာ ဖိလစ်ပိုင်အသင်းနဲ့
ယှဉ်ပြိုင်ရပါတော့မယ်။ အောင်မြင်မှုတွေဝေးကွာနေတဲ့ မြန်မာယူ-၂၃အသင်းအတွက်
ပရိသတ်တွေဟာ တစ်ကျော့ပြန်အောင်မြင်မှုတွေကို
မျှော်လင့်နေတာကြောင့် မာဒေးကားဖလားဗိုလ်လုပွဲဟာ အောင်မြင်မှုပြန်ရဖို့အတွက်
အစလိုဖြစ်လာပါလိမ့်မယ်။ ဒီဇင်ဘာ၁ရက်နေ့ကစလို့
ဆီးဂိမ်းဘောလုံးပြိုင်ပွဲစတင်မှာဖြစ်တာကြောင့် (၂)လခွဲသာလိုတော့တဲ့အချိန်မှာ
ဒီပြိုင်ပွဲအောင်မြင်မှုက ဆီးဂိမ်းအတွက်စိတ်ဓါတ်ပိုင်းအားကောင်းဖို့အတွက်ပါဖြစ်လာနိုင်မှာပါ။ တဖက်က မြန်မာအမျိုးသမီးအသင်းကိုကြည့်ရင်လည်း အာရှအမျိုးသမီးခြေစစ်ပွဲကိုပါလက်စတိုင်းမြေမှာပူပူနွေးနွေးအောင်မြင်
နိုင်အောင်စွမ်းဆောင်နိုင်ခဲ့ပြီး မိမိမြေပေါ်မှာ ဂျပန်ယူ-၂၃၊ လာအို၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ပြီးအောင်မြင်မှုကို လက်လှမ်းနိုင်ဖို့ကြိုးစားရပါဦးမယ်။ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းအနေနဲ့
အဖွင့်ပွဲစဉ်မှာ လာအိုကို(၅)ဂိုးပြတ်နိုင်ထားတာကြောင့်တစ်ပွဲနိုင်တစ်ပွဲရှုံးထားတဲ့ဖိလစ်ပိုင်ကိုနိုင်ခဲ့မယ်ဆိုရင် ဆီမီးအဆင့်ကိုတက်လှမ်းဖို့မခက်ခဲတော့ပါဘူး။ ဒါကြောင့် အိပ်မက်များစွာနဲ့ ဒီနေ့ဟာ ရွှေမြန်မာတို့အတွက်ဘယ်လို
ဖြစ်လာမလဲဆိုတာကို မျှော်လင့်စောင့်စားကြပါစို့လားဗျာ.....
Yangon Media Group
Artikel terkait :
0 comments "ရွှေမြန်မာတို့ရဲ့ နေ့ဖြစ်လေမလား ( မြန်မာ U-23 & မလေးရှား U-23 )", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.