ကွယ်လွန်သူ
ချက် သမ္မတ ဟောင်း ၊ ဒီမိုကရေစီခေါင်းဆောင် Vaclav Havel ဟာ နိုဘယ်ဆု
ရွေးချယ်ရေး ကော်မတီက ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆု အတွက် သူ့ကို
စာရင်းထဲထည့်ထားတာကို ငြင်းပယ်ခဲ့ပြီး၊ သူ့အစား မိမိ ကို ထည့်သွင်းဖို့
အဆိုပြုခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
ချက် သမ္မတ နိုင်ငံ ပရပ်မြို့မှာ ကျင်းပခဲ့တဲ့ ၁၇ ကြိမ်မြောက် Forim 2000 ညီလာခံမှာ ပြောကြားခဲ့တာပါ။
“အားလုံးသိကြတဲ့အတိုင်းပဲ၊ မစ္စတာ Vaclav Havel အဆိုပြုခဲ့လို့သာ ကျမ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဖြစ်ခဲ့ရ
တာပါ၊ ဒါဟာ လျို့ဝှက်ထားစရာ မဟုတ်ပါဘူး၊ သူသာ မူလ အဆိုပြုချက်ကို
လက်ခံခဲ့မယ်ဆိုရင် ၁၉၉၁ ခုနှစ် ငြိမ်းချမ်း ရေးနိုဘယ်ဆုရှင်ဟာ မစ္စတာ Vaclav
Havel ဖြစ်သွားမှာပါ၊ စစ်အစိုးရအုပ်ချုပ်ရေးကာလ အတွင်း မြန်မာနိုင်ငံ
ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံအားပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ရပါတယ်၊
ကျမတို့အတွက် အဆိုးရွားဆုံး အချိန်ကာလမှာ မျှော်လင့်ချက်အလင်းရောင်
ထွန်းညှိပေးခဲ့တာဟာ ဘယ်လိုမှ မမေ့နိုင်စရာပါ “ လို့ ဒေါ်အောင်ဆန်းစုကြည်က
ပြောကြား ခဲ့ပါတယ်။
Forim 2000 ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် ရောက်မလာခင်မှာ အခမ်းအနားမှူး ဖြစ်သူက - “ Forim 2000 ဖြစ်မြောက်ရေးအဖွဲ့ဝင်တွေဟာ
ညီလာခံကျင်းပတိုင်း ဒေါ်အောင်ဆန်းစုကြည်အတွက် ထိုင်ခုံနေရာကို အမြဲပဲ
အသင့်ပြင်ဆင်ထားခဲ့ ပါတယ်၊ အဲဒီထိုင်ခုံဟာ နှစ်ပေါင်းများစွာ
ထိုင်သူမဲ့ဖြစ်နေခဲ့ပါတယ်၊ ဒါပေမဲ့ ဒီ ထိုင်ခုံရှင် မြန်မာ့
ဒီမိုကရေစီခေါင်းဆောင်ကို ကြိုဆိုနိုင်ကြမယ့်နေ့ဟာ ရောက်ရှိလာလိမ့်မယ်လို့
အားလုံး က မျှော်လင့်နေခဲ့ကြတာပါ “ လို့ ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိ လာတဲ့အချိန်မှာတော့ ညီလာခံတက်ရောက်လာသူအားလုံးက မတ်တပ်ရပ်ပြီး တခဲနက် သြဘာပေး ကြိုဆိုခဲ့ကြပါတယ်။
သီဟ(ဘိုကလေးသား)
ချက် သမ္မတ နိုင်ငံ ပရပ်မြို့မှာ ကျင်းပခဲ့တဲ့ ၁၇ ကြိမ်မြောက် Forim 2000 ညီလာခံမှာ ပြောကြားခဲ့တာပါ။
“အားလုံးသိကြတဲ့အတိုင်းပဲ၊ မစ္စတာ Vaclav Havel အဆိုပြုခဲ့လို့သာ ကျမ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်
Forim 2000 ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် ရောက်မလာခင်မှာ အခမ်းအနားမှူး ဖြစ်သူက - “ Forim 2000 ဖြစ်မြောက်ရေးအဖွဲ့ဝင်တွေဟာ
ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိ
သီဟ(ဘိုကလေးသား)
0 comments ""Vaclav Havel အတွက် ဒေါ်အောင်ဆန်းစုကြည် ကျေးဇူးစကားပြောဆို"", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.