skip to main |
skip to sidebar
Beranda
»
သတင်းများစုစည်းမှု
»
လက်ကျန်နိုင်ငံရေးအကျဉ်းသား လွှတ်မြောက်ရေး လမ်းလျှောက်သံဃာ ဦးရက္ခ၀ံသ မန္တလေး-ရခိုင် တစ်ကိုယ်တော် အစာငတ်ခံလမ်းလျှောက် ဆုတောင်း


အောက်တိုဘာ ၁ ရက် နေ့လည် ၁နာရီက မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ဘုရားကြီးအလယ်တိုက်တွင် လက်ကျန်နိုင်ငံရေး
အကျဉ်းသားများ လွတ်မြောက်ရေး လမ်းလျှောက်သံဃာ ဆရာတော် ဦးရက္ခ၀ံသက
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမဟာမြတ်မုနိဘုရားကြီးမှ ရခိုင်ပြည်နယ်
ကျောက်တော်မြို့ရှိ မဟာမြတ်မုနိဘုရားကြီးသို့ တစ်ကိုယ်တော်
အစာငတ်ခံဆန္ဒပြဆုတောင်း လမ်းလျှောက်ခရီးစဉ်အတွက်
သတင်းစာရှင်းလင်းပွဲကျင်းပခဲ့သည်။
‘‘ ဆရာတော် ဦးရက္ခ၀ံသ၏ ယခင်လုပ်ဆောင်ချက်အား နိုင်ငံတော်မှ
လိုက်လျောပေးမှုမရှိသည့်အတွက် ယခုအခါ ဆရာတော် ဦးရက္ခ၀ံသက
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာမြတ်မုနိဘုရားကြီးမှ ဆုတောင်းပြီး
ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ မဟာမြတ်မုနိထိ တစ်ကိုယ်တော် အစာငတ်ခံ
ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ပြီး ဆရာတော်သည် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး
နိုင်ငံရေးအကျဉ်းသားများ
ပြန်လည်လွတ်မြောက်သည့်အချိန်ထိ
တိုက်ပွဲဝင်သွားမည်ဟု သံဓိဋ္ဌာန်ချထားကြောင်း၊ ယခုခရီးစဉ်တွင် ဆရာတော်
ဦးရက္ခ၀ံသသည် အပြင်းအထန်ဆုံး တိုက်ပွဲဖြစ်သောကြောင့် အသက်ကို ပဓာနမထားဘဲ၊
ပျံလွန်တော် မူသည့်တိုင်အောင် စွန့်လွှတ်အနစ်နာခံ၍ တိုက်ပွဲဝင်သွား
မည်ဖြစ်ကြောင်း ’’ဟု ကြားသိရခြင်းကြောင့် များစွာ အံ့သြမိပါကြောင်းနှင့်
ဆရာတော်အား နိုင်ငံရေး အာဇာနည်သူရဲကောင်း ဦးဇင်းတစ်ပါးအနေဖြင့်
ဂုဏ်ပြုအပ်ကြောင်း ဒီမိုကရေစီအင်အားစုက ပြောပြခဲ့သည်။
‘‘ ဆရာတော်ရဲ့ ဝေယျာဝေစ္စတွေကို လမ်းတစ်လျှောက် လိုက်လံဝိုင်း
ရံစောင့်ရှောက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဆရာတော်က အခု တစ်ကိုယ်တော် အစာငတ်ခံဆန္ဒပြမည်ဖြစ်ပြီး ဆရာတော်က ကိုယ်ကျိုး
စွန့်အနစ်နာခံပြီး လုပ်ဆောင်ချက်များတွင် လိုက်လံစောင့်ရှောက်သွား
မည်ဖြစ်ကြောင်း ’’ ဟု လမ်းလျှောက်ခရီးစဉ်တွင် ပါဝင်သူတစ်ဦးက ပြော
ခဲ့သည်။ ‘‘
လက်ကျန် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေးအတွက်
လမ်းလျှောက်ခြင်းဖြစ်ကြောင်း၊ ပထမအကြိမ် လမ်းလျှောက်ခရီးစဉ်တွင်
အခက်အခဲများကို ကြုံခဲ့ရပြီး ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခဲ့ပြီး
မန္တလေး-ရခိုင် လမ်းလျှောက်ခရီးစဉ်တွင် အခက်အခဲမရှိလောက်တော့ဘူးဟု
ထင်ကြောင်း၊ အခက်အခဲများရှိခဲ့လည်း ရည်ရွယ်သည့် ပန်းတိုင်ကို
ရောက်အောင်သွား
မည်ဖြစ်ကြောင်းနှင့် တစ်ရက်ကို (၂၅)မိုင်နှုန်းဖြင့် လမ်းလျှောက်သွားမည်ဖြစ်
ကြောင်း ’’ ဆရာတော် ဦးရက္ခ၀ံသမှ မိန့်ကြားခဲ့သည်။
သီဟကိုကို(မန္တလေး)
The Golden Fresh Land Daily Newspaper
Admin: သီဟ(ဘိုကလေးသား)
Artikel terkait :
0 comments "လက်ကျန်နိုင်ငံရေးအကျဉ်းသား လွှတ်မြောက်ရေး လမ်းလျှောက်သံဃာ ဦးရက္ခ၀ံသ မန္တလေး-ရခိုင် တစ်ကိုယ်တော် အစာငတ်ခံလမ်းလျှောက် ဆုတောင်း ", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.