skip to main |
skip to sidebar

၎.၁၀.၂၀၁၃ရက်နေ့ ၀၇၀၀အချိန် လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်နေ
ဦးတင်သိန်းသည် သားဖြစ်သူ မောင်ဇော်နှင့် သားဖြစ်သူ၏သူငယ်ချင်း ကိုသူ
တို့နှစ်ဦးမှာ လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်ရှိ Music Box KTV ဆိုင်တွင်
အသတ်ခံရကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ KTV ဆိုင်၏အခန်းအတွင်း၌
သားဖြစ်သူမောင်ဇော်နှင့် ကိုသူ တို့အား ဓါးဒဏ်ရာများဖြင့်သေဆုံးနေကြသည်ကို
တွေ့ရှိရသဖြင့် စုံစမ်းအရေးယူပေးပါရန် တိုင်တန်းခဲ့၍
လှိုင်သာယာမြို့မရဲစခန်း (ပ) ၁၁၃၁/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့်
အမှုဖွင့်စစ်ဆေးဆောင်ရွက် ခဲ့ပါသည်။
အမှုမှပြစ်မှုကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိရေးအတွက် တိုင်း/ခရိုင်မှတပ်ဖွဲ့ဝင်များ၊ လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့သည် သတင်းစုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ ယာဉ်အမှတ် ၇ဃ/---၊
ပရိုဘောက် အဖြူရောင်ယာဉ်ဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့ဘက်သို့
ထွက်ပြေးတိမ်းရှောင်သွားကြောင်း စုံစမ်းသိရှိခဲ့ရသဖြင့်
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မွန်ပြည်နယ်ရဲတပ်ဖွဲ့၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့များသို့ တရားခံများအားကူညီဖမ်းဆီးပေးနိုင်ရေး ဆက်သွယ် အကြောင်းကြားခဲ့ပါသည်။
ထိုသို့အကြောင်းကြားချက်အရ သံလွင်တံတား(ဘားအံ) တာဝန်ကျတပ်ဖွဲ့ဝင်များမှ
ယာဉ်များအားစစ်ဆေးဆောင်ရွက်စဉ် ၄.၁၀.၂၀၁၃ရက်နေ့ ၁၁၅၀အချိန်ခန့်တွင် ၇ဃ/----၊
ပရိုဘောက် အဖြူရောင်ယာဉ်မှာ သံလွင်တံတား(ဘားအံ)သို့ ရန်ကုန်ဘက်မှ
ဝင်ရောက်လာ၍ တားဆီးစစ်ဆေးစဉ် စစ်ဆေးမှုမခံဘဲ တံတားမောင်းတံအားတိုက်၍
မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် တံတားတာဝန်ကျတပ်ဖွဲ့ဝင်များ၊
ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊
ဂျိုင်း(ဇာသပြင်)တံတားတာဝန်ကျ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍
ဝိုင်းဝန်းပိတ်ဆို့လိုက်လံဖမ်းဆီးခဲ့ရာ
ဘားအံမြို့နယ်၊ ဇာသပြင်အနောက်ကျေးရွာရှိ လှည်းလမ်း၌ အဆိုပါယာဉ်နှင့်
ယာဉ်ပေါ်ပါ Music Box KTV ဆိုင်ပိုင်ရှင် ကံဝင်းဇော်(ခ)ကံကြီး(ခ)မိုက်မိုက်၊
(ဘ)ဦးကြင်သောင်း၊ ဆိုင်မန်နေဂျာ ရဲထွဋ်ကျော်(ခ)ရဲကြီး၊ (ဘ)ဦးအောင်ခင်၊
ဆိုင်ဝိတ်တာများဖြစ်ကြသော စိုးမိုးကျော်(ခ)ကရင်လေး၊
ကိုထိုက်(ခ)နေလင်းထိုက်၊ အောင်သူရ(ခ)အောင်ကျော်သူ၊ ကျော်စွာဝင်း
(ခ)ကျော်ကျော်၊ ကိုကိုနိုင်(ခ)ကိုနိုင်၊ မင်းခန့်၊ စစ်နိုင်(ခ)တင့်နိုင်ဦး၊
မျိုးမင်းထိုက်(ခ) ကိုအောင်၊ မနော်ထူးဖွဲ့ဆဲ(ကံဝင်းဇော်၏ဇနီး)၊ မရင်ရင်ထိုက်တို့ (၁၂)ဦးအား ဖမ်းဆီးရမိခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်ပြီး အမှုဖြင့်စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါလူသတ်မှုမှ တရားခံများအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အခင်းဖြစ်ပြီး (၁၂)နာရီအတွင်း စုံစမ်းဖေါ်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။
Yangon Police
Artikel terkait :
0 comments "လှိုင်သာယာမြို့နယ်၊ လူသတ်မှုမှ တရားခံများအား (၁၂)နာရီအတွင်းဖမ်းဆီးရမိ", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.