skip to main |
skip to sidebar
သံတွဲမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ မီးရှို့တိုက်ခိုက်မှုနဲ့
ပတ်သက်ပြီး ဒီကနေ့အထိ သံသယရှိသူ စုစုပေါင်း ၁၆ ဦးလောက်ကို
ဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်ကြောင်း အမည်မဖော်လိုတဲ့ ရခိုင်ပြည်နယ်အစိုးရ အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။
သံတွဲခရိုင် ဒုရဲမှူး ဦးကျော်တင့်ကလည်း လက်ရှိဖမ်းဆီးထားတာ ၁ဝ ဦးအထက်ရှိသွားပြီလို့ RFA ကို ပြောပါတယ်။
ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ သံသယရှိသူတွေထဲမှာ သံတွဲမြို့နယ် အမျိုးဘာသာ၊
သာသနာအဖွဲ့ဝင် သုံးဦးအပြင် သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီ(RNDP) ဥက္ကဌ ဦးစောလှိုင်(ခ) ဦးမောင်ပုလည်း ပါတယ်လို့
သိရပါတယ်။
ဒါ့အပြင် မနေ့က သံတွဲမြို့နယ် လင်းသီကျေးရွာမှာ
ဂျင်ကလိ၊ ဓာတ်ဆီလောင်စာပုလင်းတွေ စုဆောင်းထားရှိတဲ့ ရွာသား ၃ ဦးကိုလည်း
ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
သံတွဲမြို့နယ် သဗြုချိုင်၊
ပေါက်တောစတဲ့ကျေးရွာတွေမှာ အောက်တိုဘာလ ၁ ရက်နေ့က မီးရှို့မှုတွေကြောင့်
နေအိမ်အလုံးရေ ၁ဝဝ ကျော် မီးထဲပါသွားခဲ့ပြီး သေဆုံးသူ ၅ ဦးရှိတယ်လို့
ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက အတည်ပြုပြောပါတယ်။
Artikel terkait :
0 comments "သံတွဲပဋိပက္ခအပြီး လူ ၁၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထား", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.