ကာလပေါ်ကပ်ဆိုးကြီး ဆက်ပြီးမွေးနေဦးမည်လော

လန်ဒန်ရွှေစကား

မြန်မာ့စိန်ခေါ်မှုနှင့် အကျိုးရလဒ်များ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကြီးတစ်ခုကို ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ Chatham House မှာ ပြုလုပ်ခဲ့တယ်။ အဲဒီဆွေးနွေးပွဲမှာ  နိုင်ငံတကာမီဒီယာကြီးတွေရဲ့ ဆောင်မမှုကြောင့် မြန်မာ့အရေး လှုပ်ရှားသူတိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ ဘင်္ဂါလီအရေးနဲ့ ပါတ်သတ်ပြီး တစ်ယောက်သောသူက သမ္မတကို မေးခွန်းတစ်ခု ထုတ်လေတယ်။

သူက ဘင်္ဂါလီတွေရဲ့ နိုင်ငံသားဖြစ်ပိုင်ခွင့် ရှိ၊ မရှိ ဆိုတဲ့အပေါ် အာသီသ ပြင်းပြင်းပြပြနဲ့ သိပ်ပြီး သိချင်နေပုံပေါ်တယ်။ နောက်ပြီး ရိုဟင်ဂျာဆိုတဲ့ တရားမဝင်စကားလုံးပါ ခပ်တည်တည်ကြီး ထည့်သုံးပြီး သမ္မတကို သွေးတိုးစမ်းလိုက်တယ်။ အဲဒီမှာ သမ္မတကလည်း ရိုဟင်ဂျာ ဆိုတာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးနွယ်စုသမိုင်းမှာ လုံးဝမရှိတဲ့အပြင် ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေကိုလည်း ပြင်ဆင်ဖို့ မရှိကြောင်း တုန့်ပြန်ပြောဆို အသံဟိန်းလိုက်တယ်။

မြန်မာနိုင်ငံရဲ့ ဘင်္ဂါလီဒုက္ခသည်တွေအပေါ်ထားရှိတဲ့ သဘောထားကို အင်္ဂလန်ရောက်မှ သမ္မတက "ကြံဖန်ဥာဏ်ကစား လန်ဒန်ရွှေစကား" အဖြစ် အထူးအဆန်းလုပ်ပြီး ပထမဦးဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခဲ့တာ မဟုတ်သလို သမ္မတအနေနဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးဟာ တရားမဝင်ကြောင်း၊ အသိအမှတ် မပြုကြောင်း မကြာခဏဆိုသလို အသံထုတ်ခဲ့တယ်။ ဘင်္ဂါလီတွေဟာ မြန်မာနိုင်ငံသား မဟုတ်ပါကြောင်းလည်း ထပ်လောင်း ပြောဆိုခဲ့တယ်။ အဲဒီအပေါ် နိုင်ငံတကာမီဒီယာတွေ အပါအဝင် နိုင်ငံရေး ခေါင်းဆောင်တွေကပါ ဂရုမပြု အလေးအနက်မထားပဲ တွင်တွင်ကျယ်ကျယ်ကြီး ပေါ်ပေါ်ထင်ထင်ကြီး ဆက်လက် သုံးစွဲနေကြတာဟာ စဉ်းစားစရာကောင်းလှတယ်။ ဒီထက်ပိုဆိုးတာက ဘင်္ဂါလီတွေကို မြန်မာနိုင်ငံသားအဖြစ် တရားဝင် ဘင်္ဂလားဒေ့ရှ်က နိုင်ငံကူးလတ်မှတ် ထုတ်ပေးတော့မယ် ဆိုတာပါပဲ။

ဘင်္ဂလားစိန်ခေါ်သံ

နှစ်ပေါင်းများစွာ ဆော်ဒီနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်နေထိုင်ခဲ့တဲ့ ဘင်္ဂါလီတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက အထူးသက်သေခံ စာရွက်တွေထုတ်ပေးဖို့ကိစ္စ ဆော်ဒီနဲ့ နှစ်နိုင်ငံ ညှိနှိုင်းနေကြောင်း ဖတ်လိုက်ရတယ်။  ဆော်ဒီရောက် ဘင်္ဂါလီ ငါးသိန်းခန့်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကူးလတ်မှတ်တွေကို ကိုင်ဆောင်ထားပေမယ့် တရားဝင်အလုပ်သမားမှတ်ပုံတင် မရှိကြတဲ့အပေါ် ဆော်ဒီဘက်က တောင်းဆိုတာကြောင့် ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဆောင်ရွက်ပေးရတာလို့ ဆိုတယ်။ သူတို့နှစ်နိုင်ငံ အနေနဲ့ ဘယ်လိုစာရွက်စာတမ်းမျိုးကို မဆို လွတ်လပ်စွာ ထုတ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် အခုကိစ္စမှာ ဆော်ဒီရောက်ဘင်္ဂါလီတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအဖြစ်နဲ့ အထူးသက်သေခံစာရွက်ထုတ်ပေးမှာမဟုတ်ပဲ မြန်မာနိုင်ငံသားအဖြစ် ထုတ်ပေးမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းအလုပ်သမား ဝန်ကြီး Khandker Mosharraf Hossain က သမ္မတရဲ့ လန်ဒန်ရွှေစကားထုတ်ပြန်ပြီး ၂ ရက်အကြာမှာ အဲဒီလို အတိအလင်း ထုတ်ဖော်ပြောကြားလိုက်တဲ့အပေါ် ကြက်သီးမွေးညှင်းထမိတယ်။

ဘင်္ဂါလီတွေဟာ မြန်မာနိုင်ငံသားတွေ မဟုတ်တဲ့အပြင် ရိုဟင်ဂျာ ဆိုတဲ့စကားလုံးဟာလည်း မြန်မာပြည်မှာ တရားမဝင်ပါဘူး ဆိုတဲ့ သမ္မတရဲ့ စကားကို ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆော်ဒီရောက် ဘင်္ဂါလီတွေကို မြန်မာနိုင်ငံသားအဖြစ် အထူးသက်သေခံ စာရွက်ထုတ် ပေးမယ်ဆိုတာ အတော့်ကို ရဲတင်းလွန်းတဲ့ ကိစ္စပဲ ဖြစ်တယ်။ အထူးသဖြင့် သမ္မတစကားကို ပြက်ရယ်ပြု စိန်ခေါ်လိုက်တဲ့ လုပ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံနဲ့ နိုင်ငံသားအားလုံးကို စော်ကားလိုက်တာပဲ ဖြစ်တယ်။ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသားမဟုတ်တဲ့သူတွေကို နှစ်ဘက်အစိုးရ တရားဝင် သဘောတူညီမှုမရယူပဲ ကိုယ့်သဘောနဲ့ကိုယ် အဲဒီနိုင်ငံရဲ့ နိုင်ငံသားတွေအဖြစ် ပြုလုပ်ပေးမယ့် ဘင်္ဂလားဒေ့ရှ်ရဲ့ လုပ်ရပ်ဟာ အင်မတန် ရိုင်းပြလွန်းတယ်။ မြန်မာနိုင်ငံနဲ့ပါတ်သတ်ပြီး တို့ကြိုက်သလို စီရင်ပိုင်ခွင့်ရှိတယ်လို့ အတိအလင်းကြေညာလိုက်တဲ့ အဓိပ္ပါယ်သက် ရောက်နေတယ်။ အတိအကျပြောရရင် ဒါဟာ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပြင်းပြင်းထန်ထန် ထိုးနှက် ထိပါးပုတ်ခတ် လိုက်တာပဲ ဖြစ်တယ်။

ဝန်းကာ ဝိုင်းလို့ သက်သေပြု

ဆော်ဒီမှာ အဲဒီဘင်္ဂါလီသုံးသိန်းခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကူးလတ်မှတ်နဲ့ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြတယ်လို့ ဆိုတယ်။ ဒါပေမယ့် အဲဒီဘင်္ဂါလီတွေနဲ့ပါတ်သတ်ပြီး ဆော်ဒီနိုင်ငံရော ဘင်္ဂလားဒေ့ရှ်နိုင်ငံကပါ နှစ်ပေါင်းများစွာ အသံဆိတ်နေခဲ့ကြတယ်။ အခုလို နိုင်ငံတကာမီဒီယာတွေနဲ့ နိုင်ငံခေါင်းဆောင်တွေက ရိုဟင်ဂျာအရေးနဲ့ ပါတ်သတ်ပြီး မြန်မာနိုင်ငံအပေါ် ဦးစားပေး ပြောဆိုလာတဲ့ အခါကျမှ ဒီကိစ္စကို ခါတော်မီ အချိန်ကိုက် ထုတ်ပြောလာကြတယ်။ ပြီးတော့ သူတို့ဆီမှာရှိနေတဲ့ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံသားအဖြစ် လတ်မှတ်ထုတ်ပေးပြီး အကြပ်ရိုက်ဖို့ ကြိုးစားလာကြတယ်။ ဟိုးအရင်က ဘင်္ဂလားဒေ့ရှ် နိုင်ငံကူးလတ်မှတ်နဲ့ နေထိုင်ခဲ့ကြတဲ့သူတွေကို အခုကျမှ ဘယ်လိုနိုင်ငံကူးလတ်မှတ်တွေနဲ့ ဝင်လာတယ်ဆိုတာ စိစစ်ရမယ်လို့ ဘင်္ဂလားကိုရွှေသံအမတ်ကြီးက အသံကောင်း ဟစ်လာတယ်။ ပြီးတော့ ရခိုင်ပြည်နယ်ပဋိပက္ခနောက်ပိုင်းမှာ ဆော်ဒီအစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံကူးလတ်မှတ်ကိုင် ဘင်္ဂါလီသုံးသိန်း ခန့်ကို ၄ နှစ် နေထိုင်ခွင့်ကဒ်တွေ ထုတ်ပေးတာမျိုးလေးတွေ လုပ်ပြရင်း ဘင်္ဂါလီတွေကို မြန်မာနိုင်ငံသားအဖြစ် သက်သေပြုဖို့ အရှိန်ယူ လာကြတယ်။ 

သမ္မတရဲ့ လန်ဒန်ရွှေစကားအပြီးမှာ ချက်ချင်းဆိုသလို သူတို့ အသံထုတ် တုန့်ပြန်လာကြတယ်။ သမ္မတက ရိုဟင်ဂျာဆိုတာ မရှိပါဘူး တွင်တွင်ကြီးပြောနေပေမယ့် မြန်မာနိုင်ငံမှတပါး အခြားသောအင်အားကြီးနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေက တည်တည်ငြိမ်ငြိမ် ဆက်လက်ပြောဆိုသုံးစွဲနေကြတယ်။ ထိုင်းရေတပ်က မြန်မာပြည်ကနေဖိနှိပ်လို့ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေကို မလေးရှားနိုင်ငံဆီ သယ်ဆောင်ပြီး ရောင်းချတယ်လို့ ရိုက်တာသတင်းဌာနက ရေးသားသွားတယ်။ အဲဒီအပေါ် အမေရိကန်အစိုးရကလည်း ထိုင်းအစိုးရကို ပွင့်လင်းမြင်သာမှုရှိရှိ ဖော်ထုတ်အရေးယူပေးဖို့ တိုက်တွန်းလိုက်ပြန်တယ်။ ဘာပဲဖြစ်ဖြစ် အခုလို အမေရိကန်အစိုးရအနေနဲ့ ရိုက်တာ ရေးသားမှုအပေါ် ချက်ချင်းတုန့်ပြန်လိုက်တာဟာလည်း တနည်းအားဖြင့် အဲဒီရိုဟင်ဂျာတွေကို သူတို့ရေးသလို မြန်မာပြည်ကနေ ဖိနှိပ်လို့ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေအဖြစ် သွယ်ဝိုက်သောနည်းနဲ့ သက်သေပြုလိုက်တာပဲ ဖြစ်တယ်။ ဒါ့ကြောင့် ဒီပြဿနာဟာ တဖြည်းဖြည်းနဲ့ အတော်လေးကို အမြစ်တွယ်လာပြီး ကင်ဆာအနာရောဂါသဖွယ် တိုင်းပြည်ကို ထိခိုက်နစ်နာလာစေတော့မယ်။

ရိုဟင်လီဆယ်အဖွဲ့များ 

ရိုဟင်ဂျာဆိုပြီး နာမည်ကျော်နေတဲ့ ဘင်္ဂါလီတွေဟာ စက်လှေတွေနဲ့ ပင်လယ်ပြင်ကို ဖြတ်ပြီး နိုင်ငံပေါင်းစုံကို ခိုးဝင်နေကြ တယ်။ အထူးသဖြင့် အဲဒီဒဏ်ကို ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ကမ္ဘောဒီးယား၊ မလေးရှား အစရှိတဲ့ အာဆီယံနိုင်ငံတွေက အလူးအလဲ ခံနေကြရတယ်။ အဲဒီစက်လှေနဲ့ခိုးဝင်လာတဲ့သူတွေကို ဘယ်နိုင်ငံကမှ အတိအကျ တရားဝင် တာဝန်မယူကြသလို သူတို့နိုင်ငံသား မဟုတ်ပါကြောင်း ငြင်းဆိုပြီး နိုင်ငံမဲ့စာရင်းသွင်းလိုက်ကြတယ်။ ပြန်ပို့လို့မရနိုင်တဲ့ ရိုဟင်ဂျာတွေကို သူတို့နိုင်ငံမှာ ဒုက္ခသည်အဖြစ် လက်ခံထားရတယ်။ မြန်မာပြည်မှာ ဖြစ်ပေါ်ခဲ့တဲ့အကြမ်းဖက်မှုတွေကို အကြောင်းပြုပြီး မွတ်စလင်မုန်းတီးဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ရှိနေကြောင်း၊ အဲဒီ အတွက် မြန်မာနိုင်ငံသားတွေဟာ မွတ်စလင်မုန်းတီးစိတ်နဲ့ ရိုဟင်ဂျာကို နိုင်ငံသားအဖြစ် လက်မခံနိုင်ကြောင်း အစရှိသဖြင့် အသံရှိန်နဲ့ ဖိန်းပြီး လီဆယ်ကြတယ်။ အတိအကျပြောရရင် ရခိုင်ပဋိပက္ခအပြီးမှာ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေအနေနဲ့ ဘင်္ဂါလီတွေဟာ မြန်မာ နိုင်ငံသားပါ၊ မြန်မာနိုင်ငံရဲ့ တစ်ခုသော တိုင်းရင်းသား မျိုးနွယ်စုပါ၊ ဆိုပြီး ပေါ်ပေါ်တင်တင် ရေးသား ထုတ်ဖော်ပြောဆိုလာကြတယ်။ အဲဒီအပေါ် အခြားနိုင်ငံတွေကလည်း ကိုယ့်ဒုက္ခလွတ်ပြီးရောဆိုတဲ့ သဘောမျိုးနဲ့ အခြေအမြစ်မရှိပဲ တစ်ခဲနက် ထောက်ခံပြောဆို အမြတ် ထုတ်လာကြတယ်။ သူတို့နိုင်ငံမှာ မဖြစ်မနေလက်ခံထားရတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကို တရားဝင် ပြန်လွှဲပြောင်းပေးနိုင်ဖို့ ဖိအား ပေးလာကြတယ်။

ဒါ့အပြင် Burma Campaign UK တို့လို မြန်မာ့အရေးအတက်ကြွဆုံး လှုပ်ရှားတဲ့အဖွဲ့ကပါ Rohingya Campaing UK လို့ ကမ္ဘာက ထင်ယောင်ထင်မှား ဖြစ်လောက်အောင် တက်ကြွစွာ လှုပ်ရှားခဲ့ကြတယ်။ နိုင်ငံတကာတက္ကသိုလ်တွေမှာ ရိုဟင်ဂျာနဲ့ ပါတ်သတ်ပြီး ဟောပြောပွဲတွေ လုပ်ကြတယ်။ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားဖြစ်ကြောင်း၊ သူတို့ကိုယ်ပိုင် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု ရှိပါကြောင်း လုပ်ကြံဖန်တီး ဆွဲဇာတ်ခင်းနေကြတယ်။ အဲဒီအပေါ်မှာ နိုင်ငံတကာမီဒီယာတွေကလည်း ဟန်ချက်ညီညီ ဝိုင်းဝန်းရေးသားထောက်ခံပေးကြတယ်။ အဲဒီလို ရိုဟင်ဂျာနဲ့ ပါတ်သတ်ပြီး တရားဝင်လှုပ်ရှားနေကြတဲ့ မတရားလီဆယ် အဖွဲ့အစည်း တွေနဲ့ ပါတ်သတ်ပြီး တိုင်းပြည်အတွက် အတော်လေး ရင်လေးနေမိတယ်။ ဆော်ဒီက အဖွဲ့ဆိုရင် Arakan Rohingya Union ဆိုပြီး ခေါင်းစဉ်တပ်ထားတယ်။ ဒါဟာ ရခိုင်လူမျိုးတွေကို ရိုဟင်ဂျာအဖြစ် ရောင်တော်ပြန် လွှတ်ထားတာပဲ ဖြစ်တယ်။ တစ်ဆက်တည်းမှာပဲ သမ္မတရဲ့ စကားဟာ အဲဒီအဖွဲ့အစည်းတွေရဲ့ အာဘော်ကို ယှဉ်ပြီး ကမ္ဘာအပေါ် မကျော်နိုင် မပေါက်နိုင် မထိရောက်နိုင် ဖြစ်နေတာကို လည်း အတော်လေးကို စိတ်ပျက်နေမိတယ်။


ကာလပေါ် ကပ်ဆိုးကြီး

အဲဒီလို ရိုဟင်လီဆယ်အဖွဲ့အစည်းတွေနဲ့ အတူတကွ လှုပ်ရှားနေကြတဲ့ အမာခံတက်ကြွသူများစွာဟာလည်း နိုင်ငံတကာ ရောက် မွတ်စလင်တွေချည်း ဖြစ်နေကြတဲ့အတွက်လည်း အံ့သြမင်သက်မိတယ်။ နောက်ပြီး မွတ်စလင်တိုင်းဟာ ရိုဟင်ဂျာ မဟုတ် ပေမယ့် ရိုဟင်ဂျာတိုင်းဟာ မွတ်စလင်တွေ ဖြစ်နေကြဟာလည်း ထူးခြားလွန်းတဲ့ အချက်ဖြစ်တယ်။  ရိုဟင်ဂျာနဲ့ ပါတ်သတ်ပြီး View of Bilal Rashid on Violence in Burma ဆိုတဲ့ ခေါင်းစဉ်နဲ့ You Tube ပေါ်မှာ တင်ထားတဲ့ VOA ရဲ့ အင်တာဗျူးတစ်ခုဟာလည်း အထူးစိတ်ဝင်စားစရာကောင်းလှတယ်။ အင်တာဗျူးဖြေဆိုသူ Mr.Bial Rashid က မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနဲ့ အတူတကွ တိုက်ပွဲဝင်ခဲ့တဲ့ အာဇာနည်တွေထဲမှာတစ်ဦးအပါအဝင်ဖြစ်တဲ့ ဦးရာရှစ်ရဲ့သား ဖြစ်ပြီး အမေရိကန်လို နိုင်ငံကြီးမှာ အခြေစိုက်တဲ့ Burmese Muslim Association အမည်ရ မြန်မာမူစလင်အသင်းကြီးရဲ့ ဥက္ကဌလည်း ဖြစ်တယ်။ မိတ္ထီလာပဋိက္ခနဲ့ ပါတ်သတ်ပြီး အမေရိကန်သမ္မတ အိုဘားမားဆီ စာတစောင်ပေးပို့တဲ့အပေါ် VOA က အင်တာဗျူးရင်း ဆက်စပ်ပြီး ရိုဟင်ဂျာဟာ တိုင်းရင်းသားလားဆိုပြီး မေးတဲ့အပေါ် သူက ရဲရဲဝင့်ဝင့် ပြတ်ပြတ်သားသားဖြေခဲ့တာ ဖြစ်တယ်။ ရိုဟင်ဂျာဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား မဟုတ်ပါဘူး၊ တိုင်းရင်းသားဆိုပြီး တောင်းဆိုတာလည်း မှားတယ် ဆိုပြီး Mr.Bial Rashid က သုံးသပ်ပြောဆိုသွားတယ်။ နိုင်ငံသားအဖြစ်တောင်းဆိုတဲ့ အပေါ်တော့ တရားမဝင် မြန်မာနိုင်ငံထဲ ပင်လယ်ပြင်ကနေ ခိုးဝင်လာတဲ့ ဘင်္ဂလီများကလည်း ရိုဟင်ဂျာ အမည်ခံပြီး နိုင်ငံသားမဟုတ်ပဲ တောင်းဆိုနေတာတွေ ရှိတာကြောင့် မှန်ကန်စွာ စစ်ဆေးပြီး ပေးသင့် တယ်လို့ အဖြေမှန်ထုတ်ပေးသွားတယ်။ 

ဒါပေမယ့် ဘူးသီးတောင်၊ မောင်တောကနေ အောင်ပွဲခံ လွှတ်တော်တက်လာတဲ့ ပြည်ခိုင်ဖြိုးပါတီအမတ် ဦးရွှေမောင်တို့လို မြန်မာနိုင်ငံနေ မွတ်စလင် အတော်များများကတော့ ပြည်တွင်းမှာ ရိုဟင်ဂျာ တရားဝင်ဖြစ်ဖို့အရေး တခဲနက် ကြိုးစားဖော်ဆောင် နေကြတယ်။ နိုင်ငံတကာမီဒီယာအတော်များများမှာတောင် လွှတ်တော်အမတ် ဦးရွှေမောင်က ရိုဟင်ဂျာအရေး ပြင်းပြင်းထန်ထန်လေး ထောက်ခံပြောဆိုရင်း မြန်မာ့နိုင်ငံရေးကိုပါဝေဖန်တဲ့အပြင် လွှတ်တော်ထဲအထိ အဆိုတင်သွင်းတာမျိုးတွေလုပ်ပြီး ရိုဟင်ဂျာ၊ ဘင်္ဂါလီ တွေကို မြန်မာ့မြေခံတိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် ဖော်ဆောင်ဖို့ ကြိုးစားခဲ့တယ်။ ရိုဟင်ဂျာတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဆိုပြီး အကြမ်းဖက်လက်နက်ကိုင်တပ်တွေကို အခြားမြန်မာတိုင်းရင်းသားတပ်ဖွဲ့ပုံစံမျိုး သရုပ်ဖော်တဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ စစ်ရေးလေ့ကျင့်နေတဲ့သတင်းတွေကို မီဒီယာတွေပေါ် ထုတ်ဖော်လာကြတယ်။ နောက်ဘင်္ဂလားဒေ့ရှ်နဲ့ ဆော်ဒီနိုင်ငံ ပူးပေါင်းပြီး သမ္မတရဲ့ လန်ဒန်စကားအပြီးမှာ ရိုဟင်ဂျာသုံးသိန်းခန့်ကို မြန်မာနိုင်ငံသားအဖြစ်နဲ့ အထူးသက်သေခံစာရွက် ထုတ်ပေးဖို့ ပြင်ဆင် လာကြတယ်။ အခုလို ဟန်ချက်ညီညီ တက်တက်ကြွကြွကြီး လှုပ်ရှားနေရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ရိုဟင်ဂျာကို တိုင်းရင်းသား မျိုးနွယ်စုအဖြစ် လက်ခံဖို့ရယ် ခိုးဝင်လာတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီတွေကို တရားဝင် နိုင်ငံသားပေးဖို့ရယ်ပဲ ဖြစ်တယ်။

ဒါ့ကြောင့် အစိုးရအနေနဲ့ ရိုဟင်ဂျာ ဆိုတဲ့အပေါ် လေပြေကလေးနဲ့ ငြင်းလုံးထုတ်နေရုံနဲ့ မလုံလောက်တော့တဲ့ အခြေအနေ အပေါ် နားလည်သဘောပေါက်ပြီး အထိရောက်ဆုံးနည်းနဲ့ တာဝန်ယူ ဖြေရှင်းရလိမ့်မယ်။ ရိုဟင်ဂျာခေါင်းစဉ်တပ်လှုပ်ရှားနေတဲ့ မတရားအသင်းတွေကိုလည်း ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်ပြီး ပွင့်လင်းမြင်သာမှုအပြည့်နဲ့ အရေးယူရလိမ့်မယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ ဆော်ဒီနှစ်နိုင်ငံပေါင်းပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို သိသိသာသာကြီး စော်ကားနေတဲ့ မရိုးသားတဲ့လုပ်ရပ်အပေါ် လည်း ကမ္ဘာကသိအောင် အချိန်မီ ကိုင်တွယ်ဖြေရှင်းရမယ်။ မြန်မာပြည်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခအသွင် အကြမ်းဖက်မှုတွေဟာ ရိုဟင်ဂျာ အရေးနဲ့ အမြဲဆိုသလို ဒွန်တွဲဆက်စပ်နေတဲ့အပေါ်လည်း သတိပြုသင့်တယ်။ ရိုဟင်ဂျာနဲ့ ပါတ်သတ်ပြီး ကမ္ဘာက လက်ခံလာအောင် အချက်ကျကျ ပိုင်ပိုင်နိုင်နိုင် သမ္မတတစ်ယောက်အနေနဲ့ သြဇာရှိရှိ ရဲရဲတင်းတင်း ဆောင်ရွက်ရလိမ့်မယ်။ အဲဒီလိုမှမဟုတ်ရင်တော့ ဘင်္ဂါလီအရေးနဲ့ပါတ်သတ်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ဆော်ဒီနိုင်ငံလို အခြားနိုင်ငံတွေကပါ တိုင်းပြည်ရဲ့ စည်းရိုးနဲ့ အချုပ်အချာအာဏာကို တစ်နေ့တစ်ခြား ပိုမိုထိပါးဝါးမြိုလာမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပြင်းထန်စွာ ထိခိုက်ပျက်စီးလာစေနိုင်တဲ့  လူမျိုးရေး၊ ဘာသာရေးအကြမ်းဖက်မှုတွေကို အနာဂတ်မှာ ထပ်မံပေါက်ဖွားလာစေနိုင်တဲ့ အန္တရာယ်ကြီးမားလွန်းတဲ့ ကာလပေါ်ကပ်ဆိုး ကြီးကို တဖြည်းဖြည်းပို၍ ကူးစက်ကြီးထွားလာအောင် ဆက်လက်မွေးမြူထားသလို ဖြစ်နေကြောင်း သတိပေးနှိုးဆော်လိုက်ရပါတယ်။

နေစကြာနိုင်

ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ။  ။ အတွဲ(၁)၊ အမှတ်(၇၄)။။

0 comments "ကာလပေါ်ကပ်ဆိုးကြီး ဆက်ပြီးမွေးနေဦးမည်လော", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...