စော်ဘွားကြီးကုန်းပွဲရုံအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား



ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း ပွဲရုံအနီးရှိ ရန်ကုန်-ပဲခူး အဝေးပြေးယာဉ်များရပ်နားသော ကားဂိတ်တွင် အောက်တိုဘာလ ၁၃ ရက် နံနက် ၁ နာရီခန့်တွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့သည်။ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာနှင့် အသေအပျောက်မရှိကြောင်းသိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် မိုင်းရှင်းလင်းရှာဖွေရေးတပ်မတော်သားများ ရောက်ရှိလာပြီး ကားဂိတ်တွင်ကျန်ရှိသော မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကို ရှင်းလင်းနိုင်ခဲ့သည်။

အဆိုပါနေရာ၏ လုံခြုံရေးကို စောင့်ကြည့်လျက်ရှိသည်။ ကားမှတ်တိုင်ခေါင်မိုး အနည်းငယ်ပျက်စီးခဲ့ပြီး ၎င်းကားဂိတ်သည် စော်ဘွားကြီးကုန်းပွဲရုံရှေ့တွင်တည်ရှိကာ ခရီးသည်သွားလာမှု များပြားသော နေရာတစ်ခုလည်းဖြစ်သည်။

မူရင်း ရွှေနိုင်ငံသစ် နေ့စဉ်သတင်းစာ

credit : Ko Tun Wai
By :https://www.facebook.com/june.naing?hc_location=stream
 

0 comments "စော်ဘွားကြီးကုန်းပွဲရုံအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...