တက္ကသိုလ်များချန်ပီယံဖွင့်ပွဲနဲ့ MissUniverseMyanmar မိုးစက်ဝိုင်



တက္ကသိုလ်များ ချန်ပီယံလိဂ်ဖွင့်ပွဲအား အောက်တိုဘာ ၅ ရက်နေ့ ၃း၃၀ နာရီက ရန်ကုန်ယူနိုက်တက် အသင်းပိုင် မြက်ခင်းတုကွင်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တက်ရောက်ပြီး ရန်ကုန်တိုင်း ၀န်ကြီးချုပ်နှင့်အတူ အားကစားဝန်ကြီးဋ္ဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးသောင်းထိုက်၊ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ (ငြိမ်း) ဦးသန်းရွှေ ၏ မြေးဖြစ်သူ ကိုနေရွှေသွေးအောင် (ဖိုးလပြည့်)တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါသည်။

“2013 Miss Universe Myanmar မိုးစက်ဝိုင် မှ တက္ကသိုလ်များ
ချန်ပီယံလိဂ်ဆုဖလားကြီးကို အဖွင့်ပွဲစဉ်အခမ်းအနားတွင်
ပရိသတ်များရှေ့မှောက်သို့ သယ်ဆောင်ပေးမည်ဖြစ်ကြောင်း” ဟု တင်ကြိုအသိပေးခဲ့တဲ့အတိုင်း ပြိုင်ပွဲချီးမြှင့်မည့် တက္ကသိုလ်များ ချန်ပီယံလိဂ်ဆုဖလား အား ပူပူနွေးနွေး Miss Universe Myanmar ဆုရှင် မိုးစက်ဝိုင်က ပြိုင်ကားဖြင့် ကွင်းတစ်ပတ်ပတ်ပြီး သယ်ဆောင်လာကာ
ဆုဖလားကို စင်မြင့်ထက်သို့ သယ်ယူပို့ ဆောင်ပေးခဲ့ပါသည်။

ဖွင့်ပွဲနေ့ တွင် ဆေး(၁) နှင့် WYTU တို့ စတင်ယှဉ်ပြိုင်ကစားကြပြီး
အဆိုပါ ပြိုင်ပွဲတွင် ချန်ပီယံဆုရအသင်းအား ကိုနေရွှေသွေးအောင် မှ သိန်း ၅၀ ဆုချီးမြှင့်မည်ဟု လည်းသိရပါသည်။

ရန်ကုန်ယူနိုက်တက်ကွင်း၊တက္ကသိုလ်ကွင်းနှင့် ပဒုမ္မာကွင်းတို့တွင်
ယှဉ်ပြိုင်ကစားကြမည့် တက္ကသိုလ်များ ချန်ပီယံလိဂ်ဘောလုံး
အားကစားပွဲကို အောက်တိုဘာ ၂၇ ထိ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

၁။ ရွှေရုပ်တု (တန်ဖိုး - 700 US$)။ ၂။ ရွှေဖိနပ်ဆု (တန်ဖိုး - 320 US$)။
၃။ ကြယ်တံဆိပ်ရုပ်တု (တန်ဖိုး - 165 US$) ။ ၄။ လည်ဆွဲတံဆိပ်ပြားများ (၁ခုလျှင် - 5 US$ )-ဖြစ်ပြီး ဆုတံဆိပ်များအားလုံးကို စင်ကာပူနိုင်ငံမှ
သီးသန့်မှာယူ တင်သွင်းထားခြင်းဖြစ်ပြီး နှစ်ရှည်လများခံစေရန် သတ္တုဖြင့်ပြုလုပ်ထားကြောင်းလည်း Universities Champions League ဆုတံဆိပ်များ၏ တန်ဖိုးကို Universities Champions League မှ သိရပါသည်။

 
Photo ZMT,credit-Universities Champions League, Ko SaiSai
Popular Journal

0 comments "တက္ကသိုလ်များချန်ပီယံဖွင့်ပွဲနဲ့ MissUniverseMyanmar မိုးစက်ဝိုင်", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...