skip to main |
skip to sidebar
ရန်ကုန်မြို့ တစ်မြို့လုံးတွင် WiFi အင်တာနက်စနစ် အသုံးပြုနိုင်ရန် အတွက်
Red Link မှ သက်ဆိုင်ရာ အဖွဲ့အစည်း၏ ခွင့်ပြုချက် ရရှိပါက အမြန်ဆုံး
ဆောင်ရွက်နိုင်ရန် အစီအစဉ် ရှိနေကြောင်း သိရသည်။
ထိုသို့ WiFi
အင်တာနက်စနစ် ရရှိစေရန် ဆောင်ရွက်ရာတွင် ဈေးများ၊ အများ ပြည်သူနှင့်
သက်ဆိုင်သည့် နေရာများ၊ တက္ကသိုလ်များ၊ လေဆိပ်၊ ဘူတာရုံများနှင့် အဝေးပြေး
ကားဂိတ်များတွင် အင်တာနက် အသုံးပြုနိုင်ရန် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း
သိရသည်။
''သုံးစွဲသူတွေအတွက် အမြဲတမ်း ဆက်သွယ်မှု ရနေမယ့်
ဝန်ဆောင်မှုကို ပေးချင်တယ်။ WiFi ကိုလည်း အခု ကျွန်တော်တို့
ရန်ကုန်မြို့ပေါ်မှာပေးဖို့ လုပ်ထားတဲ့ အစီအစဉ်တွေ ရှိတယ်။ တရားဝင်
လုပ်ခွင့်ရဖို့ကတော့ MPT က ခွင့်ပြုပေးမယ့် အချိန်ကို စောင့်နေတယ်။
ခွင့်ပြုချက်ရရင် တန်းပြီးလုပ်လို့ရပြီ။ ရန်ကုန်တစ်မြို့လုံးမှာ
နေရာအများကြီး လျာထားပါတယ်'' ဟု Red Link မှ ဒုတိယဥက္ကဋ္ဌနှင့်
ပူးတွဲတည်ထောင်သူ ကိုသိန်းသန်းတိုးက ပြောကြားသည်။ အများပြည်သူသို့
ဝန်ဆောင်မှု ပေးရာတွင် ပုံသဏ္ဍာန် မျိုးစုံဖြင့် ၀န်ဆောင်မှု
ပေးသွားမည်ဖြစ်ပြီး တက္ကသိုလ်ကဲ့သို့ နေရာများတွင်မူ အခမဲ့ အသုံးပြုနိုင်ရန်
လုပ်ဆောင် ပေးသွားမည် ဖြစ်သည်။
Artikel terkait :
0 comments "ရန်ကုန်တစ်မြို့လုံးအား WiFi အင်တာနက် စနစ်ပေးရန် RedLink မှ စီစဉ်နေ", Baca atau Masukkan Komentar
Post a Comment
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D
Note: Only a member of this blog may post a comment.