ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဘိုကလေးမြို.နယ်မှ ကိုမှတ်ကြီး၏ ပေးစာ






 
 ကျွန်တော်တို့၏ ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဘိုကလေးမြို့တွင် နှစ်စဉ် နှစ်ကျိပ်ရှစ်ဆူဘုရားများအားမြို.တွင်းသို့လှည့်လည်အပူဇော်ခံပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်လျှက်ရှိပါသည်။သို့ရာတွင် ယခုနှစ်တွင် ဘိုကလေးမြို. ၊မြို့မ (၇) ရပ်ကွက်၊၁၈လမ်းတတိယဖြတ်တာတွင်နှစ်စဉ်ကျင်းပမြဲဖြစ်သော နှစ်ကျိပ်ရှစ်ဆူသောဘုရားများ
အတွက်ဂနကုဋိတိုက်(သို့)နှစ်ကျိပ်ရှစ်ဆူဘုရားမဏ္ဍပ်တန်ဆောင်းဆောက်လုပ်ရန်အတွက်ရပ်ကွက်မှ
တာဝန်ရှိသူများဧ။်ခွင့်ပြုချက်များဖြင့်၎င်းမြေလွတ်ပေါ်တွင်သာသနာပိုင်အဆောက်ဦးဆောက်
လုပ်နေသည်အားမြန်မာလူမျိုးများဖြစ်ကြပြီးကိုယ်ကျိုးအတွက်အသုံးပြုနေသူများမှအကျဉ်းတန်လှသောလုပ်ရပ်များဖြင့်အတိုက်အခံပြုလုပ်နေကြသည်မှာအခြား(အခြား)သောဘာသာကွဲများကြား
တွင်အလွန်ပင်အရုပ်ဆိုးအကျည်းတန်လှပါသည်။ဘေးနှစ်ဘက်ခြံများကိုပိုင်ဆိုင်သူများမှယခင်
ထိုမြေအားမိမိတို့သဘောဖြင့်အသုံးပြုထားသည်များရှိပါသည်။ယခုအခါထိုမြေအားအဆောက်
အဦးဆောက်လုပ်သည့်အခါတွင်အနောက်ဘက်ခြံပိုင်ရှင်ဧ။်သီးပင်စားပင်များ ၊မြောက်ဘက်
(၁၇)လမ်းတွင်တည်ရှိသည့် အောင်ချမ်းအေး ဘော်ဒါဆောင်များ ၏ကြော်ငြာဆိုင်းဘုတ်များမှာ
မဏ္ဍပ်အတွင်းသို့ တစ်ဝက်ခန့်ဝင်ရောက်နေသည်မှာ (ပုံတွင်ကြည့်ပါရန်)လွန်စွာ အကျည်းတန်လှပါသည်။
မိမိအမျိုးဘာသာ၊သာသနာအတွက်မိမိစောင့်ရှောက်ကူညီသင့်သည်များကို ထိုသူများမေ့နေ
ကြသလော။အကူအညီမပေးနိုင်လျှင်တောင်မှ မနှောက်ယှက်စေခြင်ပါ။မြန်မာလူမျိုးများဖြစ်ကြသော
ကြောင့်ကိုယ်ကျိုးအတွက်မကြည့်သင့်ပဲအမျိုးဘာသာ၊သာသနာအတွက်ရှေ့တန်းတင်စဉ်းစားသင့်ပါသည်။
ထို့ကြောင့် ယခုဖြစ်စဉ်အား   စည်ပင်မှ အထက်လူကြီး   နှင့်တကွ သက်ဆိုင်ရာလူကြီးများ သိရှိပြီး လိုအပ်သလိုစီစဉ်ဆောင်ရွက်ပေးနိုင်ပါရန်   နောက်ဆုံးရ သတင်းများ    မှတစ်ဆင့်တင်ပြလိုက်ရပါသည်။
ဘိုကလေး သတင်းများအား  ဒီနေရာ တွင် စုစည်းတင်ပြထားပါသည်။ဘိုကလေးမြို.နှင့် ပတ်သက်သောသတင်းများအပြင် အခြားဒေသမှအဖြစ်အပျက်များအား ဖော်ပြလိုပါက  သတင်းဓာတ်ပုံနှင့် တကွ sharponetawmintharlay09@gmail.com သို့ email ဖြင့်ဖြစ်စေ http://www.facebook.com/internationalnewsofworld  သို့ဖြစ်စေ ပေးပို့နိုင်ပါကြောင်း။။။။။။။။။။။


 
ပေးပို.သူ  -ကိုမှတ်ကြီး (၁၈)လမ်း၊ ဘိုကလေးမြို.
Admin                 : သီဟ (ဘိုကလေးသား)

0 comments "ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဘိုကလေးမြို.နယ်မှ ကိုမှတ်ကြီး၏ ပေးစာ", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...