နာဂစ်နဲ့ကျွန်တော် အပိုင်း(၁) ဒေါက်တာဦးထွန်းလွင်

Tun Lwin's photo. 
 
 
 
 
 
 
 
မပြောချင်လို့ ကြည့်နေတာ ကြာပြီ။
4-2-2014
8:53 pm

နာဂစ်မုန်တိုင်းနဲ့ ပတ်သက်လို့ မှတ်တမ်းကျန်အောင်ရေးပါလို့ တိုက်တွန်းကြ တယ်။ ကျေးဇူးတင်ပါတယ်။ အများအားဖြင့်တော့ နိုင်ငံတော် အတွက် ရေးသင့်တဲ့ အကြောင်း အကျိုးသင့်အကြောင်းသင့်ပြောကြပေမယ့် အချို့ကြတော့လည်း Pressure ပေးသလို၊ အမိန့်ပေးသလို၊ သရော်သလို ရေးတာတွေတွေ့ရပေမယ့် ကျွန်တော် အကျယ်အကျယ် မပြောတော့ပါဘူး။ ဘယ်ဗျာ ကျွန်တော်လောက် Pressure နဲ့ကျွမ်းဝင်နီးစပ်တာ ရှိပါ့မလည်း။ လုပ်တဲ့အလုပ်က မိုးလေ၀သ၊ တစ်သက်လုံး Atmospheric pressure နဲ့ နားပန်းလုံးလာရတာ။ အလုပ်လုပ်တော့ လည်း သိတဲ့အတိုင်း စစ်အစိုးရအောက်မှာလုပ်လာရတာ၊ တစ်ချိန်လုံး Pressure ချည့်ပါဗျာ။ အခုအငြိမ်းစားယူတော့လည်း Blood Pressure နဲ့ နေ့တိုင်းပါဗျာ။ ဒါကြောင့် မိတ်ဆွေအချို့ကို မေတ္တာရပ်ခံချင်ပါတယ်။ Friendly ဘဲ ဖြစ်ပါရစေဗျာ။

ဒါလေးကတော့ နာဂစ်နဲ့ပတ်သက်တဲ့ ပထမဆုံး တင်ပြချင်တာလေးပါ။ နာဂစ်ဖြစ်အပြီး တစ်ပတ်အတွင်းမှာဘဲ နာဂစ်ဒေသတွေဖြစ်တဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတွေကို ကျွန်တော်တို့ မိုးလေ၀သဌာနနဲ့ ထိုင်းနိုင်ငံ AIT မှာ ရုံးစိုက်တဲ့ ADPC(Asia Disaster Preparedness Centre) တို့ ကွင်းဆင်းကြပြီး နာဂစ်ရဲ့ ထိခိုက်ဆုံးရှုံးမှုကြီးမားရတဲ့ အကြောင်းရင်းတွေကို ကွင်ဆင်း လေ့လာကြပါတယ်။ အသုံးပြုတဲ့နည်းကတော့ DRR (Disaster Risk Reduction) နဲ့ CR(Community Resilience) ကဏ္ဍတွေမှာ အခြေခံအချက် Benchmarks (၈)ခုရဲ့ အခြေအနေတွေကို လေ့လာကြပါတယ်။
အဲဒါတွေကတော့
Eight Benchmarks in DRR and CR
1. Governance
2. Socio-economy and livelihoods
3. Natural resources
4. Landuse and structural design
5. Risk knowledge and public education
6. Early Warning
7. Emergency response and evacuation
8. Disaster recovery
လိုအပ်တာကတော့ ဒီအချက်(၈)ချက်ဟာ အချိုးညီညီဖွံ့ဖြိုးနေဖို့လိုပါတယ်။
တွေ့ရှိသမျှတွေကို Report ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကတော့ Joint Rapid Situation Assessment Report ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် မေလမှာဘဲ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလေ့လာချက်မှာတွေ့ရတာကတော့ လေ့လာခဲ့သမျှ မြို့နယ်တွေအားလုံးဟာ အခြေအနေအလွန်ဆိုးခဲ့တာကိုတွေ့ရပါတယ်။ scoring စံနစ်နဲ့ တွက်ချက်ကြည့်တဲ့ အခါမှာ အောင်မှတ်ရခဲ့တာ တစ်ခုဘဲ ရှိပါတယ်။ အဲဒါကတော့ Early warning ပါဘဲ။ အားလုံးသော မြို့နယ်တွေက ကာယကံရှင်ဒေသခံတွေကတော့ မိုးလေ၀သရဲ့ ကြိုတင်သတိပေးချက်ကို အနည်းဆုံး (၄၈)နာရီ ကြိုတင်သိခဲ့ကြပါတယ်တဲ့။
ဒါဖြင့် ဘာကြောင့်သေခဲ့ရတာလည်း..?
အဲဒီသဘာဝဘးကာကွယ်ရေးမှာ လိုအပ်တဲ့ ကဏ္ဍ(၈)ရပ်မှာ ကဏ္ဍတော်တော် များများဟာ Badly Fail ဖြစ်နေတာကြောင့်ဖြစ်ပါတယ်။ အဲဒီ Badly Fail ဖြစ်နေတဲ့ ကဏ္ဍတွေဟာ မိုးလေ၀သဌာနနဲ့ ဆိုင်တာတွေ မဟုတ်ပါဘူး။ ဒါဖြင့် ဘယ်သူတွေနဲ့ ဆိုင်သလည်း.....၊

ဒါကိုခင်ဗျားတို့ အဖြေရှာကြရမှာပါ။
ကျွန်တော့ကိုတော့ မမေးနဲ့လေဗျာ။ ကျွန်တော်က ကိုယ်တိုင် ကွင်းဆင်းလေ့လာပြီး Report ရေးထားတဲ့လူလေ။
ကိုယ်တွေ့ဆိုရင်လည်း ကျွန်တော်ပြောတာ သဘာဝကျမကျ ဆုံးဖြတ်စေချင်ပါတယ်။
ကျွန်တော် ဆက်ရေးပါဦးမယ်။
ကျန်းမာရေးအရ ရေးရတာဆိုတော့ နည်းနည်းချင်းပေါ့ဗျာ။

ဒေါက်တာထွန်းလွင်

0 comments "နာဂစ်နဲ့ကျွန်တော် အပိုင်း(၁) ဒေါက်တာဦးထွန်းလွင်", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...