မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ပြုပြင်စရာ(ပေးစာကဏ္ဍ)



 ဒီစာလေးကတော့ တပ်ဖွဲ.ဝင် တစ်ယောက်ရဲ့ ရင်ဖွင့်စာလေးပဲဖြစ်ပါတယ်..........

"စီနီယာဆိုတာ ‘ အောင်ဆန်းကွင်း’ ထဲမှာ သာရှိတယ်။ အပြင်မှာ မရှိဘူးလို့ကျွန်တော်တို့ရဲ့  ‘ရဲ’ လောကမှာ ပြောခဲ့ကြတာ ကြာပါပြီ။ ဒါပေမဲ့ အကြီးအကဲတွေက ရဲတပ်ဖွဲ့ထဲမှာ ‘ စီနီယာ ’ ဆိုတာ ပြန်လုပ်ပြီး စေတနာကောင်းနဲ့ တိုးတက်အောင်လုပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ စီနီယာ လွဲချော်မှုတွေကြောင့် အကြီးအကဲတွေရဲ့ စေတနာ သဲထဲရေသွန်ဖြစ်ရ ပါတယ်။ တပ်မတော်မှာ စစ်စည်းကမ်းဟာ ကြောရိုးဖြစ်ပါတယ်။ ကိုယ်ပိုင်နံပါတ်စီတဲ့နေရာမှာ စနစ်ကျလွန်းလို့ ကိုယ်ပိုင်နံပါတ်ကို ကြည့်ရုံနဲ့ ဘယ်အပတ်စဉ်ကဖြစ်တယ်၊ ဘယ်အဆင့်ထဲ ရောက်နေကြပြီ စသည်ဖြင့် အတိအကျ ပြောလို့ရခဲ့ပါတယ်။ ရဲကျတော့ နဂိုကတည်းက အခြေခံကနည်း ၊ ဓါတ်ခံကညံ့ ၊ သမိုင်းကြောင်းက မကောင်း ဖြစ်ခဲ့ပါတယ်။ နောင်တော် တပ်မတော်လို စနစ်တကျ စည်းကမ်းကျအောင်လို့ ဆိုပြီး ကိုယ်ပိုင်နံပါတ်တွေနဲ့ စီစဉ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ ရဲ့ အားနည်းချက်က ကိုယ်ပိုင်နံပါတ်ကို အရာရှိ/ အခြားအဆင့် စကတည်းက ခွဲခြားမပေးတာ အဓိကဖြစ်နေပါ တယ်။ အဲဒီတော့ ရဲတပ်သားနဲ့ စ၀င်တဲ့ တပ်ဖွဲ့ဝင်ရဲ့ ကိုယ်ပိုင်နံပါတ်ကစောပြီး အရာရှိ (တိုက်ရိုက်ဖြေ / ပြင်ပဘွဲ့ရ Codet. ) များကျတော့ ရဲဘော်ထက်တောင် အရာရှိ ကိုယ်ပိုင်နံပါတ်က နောက်ကျရတဲ့ အဖြစ် ဖြစ်ခဲ့ရတယ်။ အဲဒီမှာ အကြီးအကဲတွေက စေတနာ ဗလပွနဲ့ ရာထူး၊အဆင့်အတန်း တိုးမြှင့်ခြင်းကို ကိုယ်ပိုင်နံပါတ် ကြီးစဉ်အလိုက်/ အပတ်စဉ်ကြီးစဉ်အလိုက်လဲ တန်းစီရော ရဲတပ်သားနဲ့စ၀င်တဲ့သူက ရာထူးစောစော တိုးပြီး အရာရှိအပတ်စဉ် ကိုယ်ပိုင်နံပါတ်နောက်ကျသူတွေက နောက်ကျရတဲ့အပြင် အခုထိ ရာထူးတိုးမပါသေးတဲ့ မလိုလားအပ်စရာတွေ ဖြစ်နေပါတယ်။ တကယ်လုပ်ရမဲ့ အချက်(၃)ချက်က (၁) အပတ်စဉ် ကြီးစဉ်ကိုကြည့်ရန်။ (၂) အရာရှိ စတင်ခန့်ထားသည့်ရက်စွဲနဲ့ (၃) ပြန်တမ်းဝင် စတင်ခန့်အပ်တဲ့ ရက်စွဲတွေနဲ့ ပြန်တိုက်ကြည့်ရင်း အဖြေမှန် တွေပေါ်မှာ ဖြစ်ပါကြောင်း " စေတနာကောင်းနဲ့ အကြံပြုတင်ပြလိုက်ရပါတယ်။

ပေးပို့သူ  - တပ်ဖွဲ.ဝင်တစ်ဦး(ဧရာဝတီတိုင်း ရဲတပ်ဖွဲ.)

0 comments "မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ပြုပြင်စရာ(ပေးစာကဏ္ဍ)", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...