ကင်ဆာစားဆေး (Xeloda)





Xeloda (Capecitabine) ဆေးဟာ ကင်ဆာစားဆေးတခုဖြစ်တယ်။
• Metastatic breast and colorectal cancers အဆင့်နောက်ကျနေတဲ့ ရင်သားကင်ဆာ နဲ့ အူမကြီး ကင်ဆာတွေမှာ အများဆုံးသုံးတယ်။
• Adjuvant in colorectal cancer Stage III အူမကြီးကင်ဆာအဆင့် (၃) မှာ သူ့ကို ဦးစားပေး တခုတည်း သုံးတယ်။
• Metastatic colorectal cancer တခြားနေရာကိုပြန့်နေပြီဖြစ်တဲ့ အူမကြီးကင်ဆာမှာလဲ အဆင်ပြေရင် သူ့ကို ဦးစားပေး တခုတည်းသုံးတယ်။
• Cancer of the colon after surgery အူမကြီးကင်ဆာ ခွဲစိတ်ပြီးနောက်မှာလဲသုံးတယ်။
• Metastatic breast cancer တခြားနေရာကိုပြန့်နေပြီဖြစ်တဲ့ ရင်သားကင်ဆာမှာလဲ သူ့ကို Docetaxel နဲ့တွဲပြီး Anthracycline-based treatment နဲ့မရရင်သုံးတယ်။ ဒါမှမဟုတ် Paclitaxel-based treatment နဲ့ Anthracycline-based treatment နဲ့ မရတော့ရင် သူ့ကို တခုတည်းပေးတယ်။

ဆေးပေးနည်းများ
• 150-mg ဆေးပြားနဲ့ 500-mg ဆေးပြားတွေရှိတယ်။
• အစပိုင်းမှာ 2,500 mg/m2/day တနေ့မှာ ၂ ခါခွဲပေးတယ်။ ၂ ပတ်ကြာပေးမယ်။ ၁ ပတ်နားမယ်။ ၃ လ တခါ အဲလိုနည်းအတိုင်း ပေးမယ်။
• ကျောက်ကပ် သိပ်မကောင်းသူဆိုရင် ၂၅% လျှော့ပေးမယ်။ ကျောက်ကပ် မကောင်းတော့ရင် ဒီဆေးမပေးဘူး။ အသက်သိပ်ကြီးနေရင်လဲ လျှော့ပေးမယ်။
• မနက်စာမစားခင် မိနစ် ၃ဝ မှာ ပဌမဆေးလုံးသောက်ပါ။ ညစာမစားခင် မိနစ် ၃ဝ မှာ ဒုတိယဆေးလုံးသောက်ပါ။ ရေများများနဲ့သောက်ပါ။
• တကယ်လို့ ဆေးသောက်ဘို့ မေ့သွားရင် ၂ လုံးတခါတည်း မသောက်ပါနဲ့။
• ကိုယ်ဝန်ဆောင်နေရရင်နဲ့ ကလေးနို့တိုက်နေစဉ် ဒီဆေးမသောက်ရပါ။
• ဆေးကို (အလာဂျီ) ရရင် (မတည့်ရင်) မသောက်ရပါ။
• ကျောက်ကပ်၊ နှလုံး၊ အသဲအခြေအနေတွေ စစ်ဆေးပြီးမှ ဆေးပေးမယ်။
• Folic acid ဖေါလစ်အက်စစ်၊ ဖေါလစ်အက်စစ်ပါတဲ့ ဗီမာတင် (ဘီ) အုပ်စုဆေး နဲ့ (မာလ်တီဗီတာမင်) ဆေးတွေ သောက်နေတာဆိုလဲ ဆရာဝန်ကိုပြောပါ။

ဘေးထွက်-ဆိုးကျိုးတွေ = နှလုံးသွေးကြောကျဉ်းတာဖြစ်နိုင်တယ်။ အစကတည်းက ရောဂါရှိနေရင် သိသာတယ်။ အရေပြား ထုံ-ကျင်၊ နီရဲ၊ အပူဖူးပေါက်၊ ဝမ်းပျက်၊ ပျို့-အန်၊ အစာအိမ်ရောင်၊ သွေဖြူဥနည်း၊ သွေးမှုံနည်း။ အသဲ။ အသားဝါ။

သာမန် ဘေးထွက်-ဆိုးကျိုးတွေ = ဗိုက်အောင့်၊ ဝမ်းချုပ်၊ အစားပျက်၊ ရေဓါတ်နည်း၊ အရေပြားအနီပြင်ထွက်၊ ဆံပင်ကြွတ်၊ လက်သည်-ခြေသည်းတခုခုဖြစ်၊ မောပန်း၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ကိုယ်ပူ၊ ရင်ပတ်နာ၊ ခါးနာ၊ ကြွက်သားနာ၊ အိပ်ရေးပျက်၊ အရသာပျက်၊

ကင်ဆာရှိနေတာသိလို့၊ ဒါမှမဟုတ် ကင်ဆာက ဆက်တိုးနေလို့ ဆေးအသစ်သောက်ရမယ်ဆိုတဲ့ အဆုံးအဖြတ်က ခက်တယ်။

Papaya Leaves Health Benefits သင်္ဘောရွက်ကို ဆေးအဖြစ် အသုံးချခြင်း

ဒေါက်တာတင့်ဆွေ
၂၅-၁၁-၂ဝ၁၂

0 comments "ကင်ဆာစားဆေး (Xeloda)", Baca atau Masukkan Komentar

Post a Comment

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ ကျွန်တော်ကိုပြန်ပြီး ကူညီတဲ့အနေနဲ့ ဘေးမှာတင်ထားတဲ့ ကြော်ငြာလေးတွေကို ကလစ်နှိပ်ပေးနိုင်ပါတယ် thanks :D

Note: Only a member of this blog may post a comment.

Related Posts Plugin for WordPress, Blogger...